ဟိုပန် အောက်တိုဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌ ဖူဆယ်အားကစားနည်း တိုးတက်မြင့်မားစေရန်၊ လူငယ်လူရွယ်များ လမ်းမှားမရောက်စေရန်နှင့် အားကစားကို ပိုမိုစိတ်ဝင်စားမှုရှိလာကြစေရန်တို့ကို ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား အမျိုးသား(အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီက ဟိုပန်မြို့ရှိ A-21 ဖူဆယ်အားကစားကွင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဉီးစွာ ဟိုပန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ၊ ဗိုလ်မှူးမျိုးဝင်းမောင်က အဖွင့်အမှာ စကားပြောကြားပြီး ဖူဆယ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည့် ဘောလုံးအသင်းများမှ အားကစားအဓိဌာန် သံပြိုင်ရွတ်ဆိုခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဖူဆယ် ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားအသင်းများအား လိုက်လံနှုတ်ဆက် အားပေးခဲ့ကြပြီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို စတင်ခဲ့ရာ အုပ်စု(A)မှ ပွဲစဉ် နှစ်ပွဲနှင့် အုပ်စု(B)(C)မှ ပွဲစဉ် နှစ်ပွဲ စုစုပေါင်း ပွဲစဉ်လေးပွဲ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အဆိုပါ ဖူဆယ် ဘောလုံးပြိုင်ပွဲတွင် ဟိုပန်မြို့နယ်၊ ကွမ်းလုံမြို့နယ် နှင့် ချင်းရွှေဟော် မြို့များမှ ဖူဆယ်ဘောလုံးအသင်း(၂၀) ဝင်ရောက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်း ဟိုပန်မြို့နယ်၊ အားကစားနှင့်ကာယပညာဉီးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)