ကျောက်ဆည်မြို့နယ်တွင် စတုတ္ထအကြိမ် ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (၂၆၂၅)ဦးထိုးနှံပြီးဖြစ်

ကျောက်ဆည်  အောက်တိုဘာ   ၅

မန္တလေးတိုင်းဒေသကြီး၊   ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီက စတုတ္ထအကြိမ်ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး (၂၆၂၅)ဦး ထိုးနှံပြီးဖြစ်ကြောင်း  သိရသည်။

ကာကွယ်ဆေးများထိုးနှံပေးရာတွင် လွှမ်းခြုံနိုင်မှုရှိရေး မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော် မတီဦးဆောင်မှုဖြင့် ကျန်းမာရေး၀န်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များ၊ လူမှု ရေးအသင်း၀င်များ ပူးပေါင်း၍ စုကြီးရက်ကွက် မြို့တော်ခန်းမနှင့်  သတ်မှတ်နေရာများတွင် ကာကွယ်ဆေးများ လာရောက်ထိုးနှံရေး ဆော်ဪခြင်းများ ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်းသိရှိရပြီး ပထမအကြိမ်တွင် (၂၁၁၀၄၇)ဦး၊ ဒုတိယအကြိမ်တွင် (၁၉၀၂၀၃)ဦး၊ တတိယအကြိမ်တွင် (၃၁၇၆၅)ဦးနှင့် စတုတ္ထအကြိမ်တွင်(၂၆၂၅)ဦး ထိုးနှံပေးပြီးဖြစ် ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် ပြည်သူအများသွားလာဖြတ်သန်းသည့် ဈေးများ၊ ကားဂိတ်များ၊ လမ်းဆုံ/လမ်းခွများတွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် ပညာပေးဗွီနိုင်းပိုစတာများ စိုက်ထူကာ အသိပညာများ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)