မုံရွာမြို့တွင် Mask များ အခမဲ့ဝေငှ၍ စနစ်တကျ တပ်ဆင်သွားလာစေရေး ကျန်းမာရေးအသိပညာပေးဆောင်ရွက်

မုံရွာ အောက်တိုဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကိုဗစ်-၁၉ရောဂါ မကူးစက်မပြန့်ပွားစေရေးအတွက် အရှိန်အဟုန်မပြတ် Mask များ အခမဲ့ဝေငှ၍ စနစ်တကျတပ်ဆင်သွားလာစေရေး ကျန်းမာရေးအသိပညာပေးခြင်းများကို စဉ်ဆက်မပျက် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မုံရွာမြို့ရှိ ပြည်သူအများဆုံးသွားလာသော မုံရွာမြို့ မြဝတီရပ်ကွက် ရုံးရှေ့ ကျောက္ကာလမ်းမကြီးပေါ်တွင် (Mask Campaign) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ (Mask Campaign) ဆောင်ရွက်မှုတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးအောင်ဆန်းဝင်း ဦးဆောင်၍ ဌာနဆိုင်ရာများနှင့် NGO အဖွဲ့များ ပူးပေါင်ပါဝင်သော အင်အား ၂၀ ဦးက  ပြည်သူများအား နေအိမ်ပြင်ပထွက်ခွါပါက မဖြစ်မနေ Mask များ စနစ်တကျတပ်ဆင်သွားလာကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ပြောကြားကြပြီး Mask များ မတပ်ဆင်ဘဲ သွားလာနေကြသော ပြည်သူ(၅၀၀)ဦးအား Mask (၅၀၀)ခုကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး Mask နာခေါင်းစည်း စနစ်တကျ တပ်ဆင်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)