လိပ်သိုမြို့တွင် အသက် (၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

လိပ်သို အောက်တိုဘာ ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဒုတိယသုံးလပတ်အတွက် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာသန်စွမ်းပြီး အဟာရပြည့်ဝစွာနေထိုင်နိုင်ရန်ရည်ရွယ်၍ လူမှုရေးပင်စင်ခံစားခွင့်ရှိသူ ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၃၀၀၀ဝိ/-)နှုန်းဖြင့်  ဘိုးဘွား(၄၉)ဦးအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် ယမန်နေ့မွန်းတည့် (၁၂)နာရီအချိန်က လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက်သွား၍ ဘိုးဘွားများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)