ရွှေတောင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရွှေတောင် အောင်တိုဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထကရွှေတောင် ရတနာခန်းမတွင် ယနေ့ နံနက်ပိုင်းက ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ထံမှကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကိုမြို့နယ် ပညာရေးမှူး ဆရာကြီးဦးကျော်ဦးက ဖတ်ကြားပြီး ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ (၅) ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်း သဝဏ်လွှာကို ဒုတိယပညာရေးမှူး ဆရာကြီး ဦးအောင်နိုင်ဝင်းက ဖတ်ကြားခဲ့သည်။

ဆက်လက်ပြီး ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနား မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ကိုကိုမင်း ( ပြန် / ဆက်)