မုံရွာ အောက်တိုဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ စက်တင်ဘာ ၂၀ ရက်နေ့တွင် ပူးပေါင်းဖွင့်လှစ်ခဲ့သည့် အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အား ကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းတွင် ကျင်းပရာ တိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းဆင်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ သင်တန်းဆင်းပွဲ အခမ်းအနားတွင် တိုင်းဒေသကြီး တိုင်းဒေသကြီး အသေးစားစက်မှု လက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဖြိုးနှင့် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းတို့က အသီးသီးအမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာဆရာမများအား အမှတ်တရ လက်ဆောင်ပစ္စည်းများနှင့် သင်တန်းဆင်းများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာနှစ်အလိုက် လူငယ်များအလုပ်အကိုင် ရရှိရေးအတွက် နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် လူငယ်များအလုပ်အကိုင် အခွင့် အလမ်းများရရှိစေရန် ဆင်းရဲနွမ်းပါးမှု ချော့ချစေရေးအတွက် အထောက်အကူပြုစေရန်၊ လူငယ်များသမာအာဇီဝကျကျ လုပ်ကိုင်တက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်း သင်တန်းသည် စက်တင်ဘာလ ၂၀ ရက် နေ့မှ အောက်တိုဘာလ ၄ ရက်နေ့အထိ ၁၅ ရက်ကြာ စာတွေ့၊လက်တွေ့ သင်တန်းသား ၂၈ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)