လွိုင်လင် အောက်တိုဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ် ကိုဗစ် -၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှဦးဆောင်၍ အသိပညာပေးလုပ်ငန်းများကို ယနံနက်(၈)နာရီက မြို့မဈေးကြီးတွင် ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် လွိုင်လင်မြို့တွင် ကိုဗစ်-၁၉ ရောဂါရှိသူများ ပြန်လည်တွေ့ရှိလာ၍ ပြည်သူများအနေဖြင့် အပြင်ထွက်တိုင်း ပါးစပ်နှာခေါင်းစည်းတပ်ဆင်ကြပြီး သွားလာကြရန်၊ မိမိကစကာကွယ်ကြရန်၊ ဈေးရောင်းဈေးဝယ်များမှ ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်းမပြုဘဲ ဈေးရောင်းဈေးဝယ်မပြုလုပ်ကြရန်၊ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံကြရန်၊ ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်များဆောင်ထားကြရန် ကြပ်မတ်စစ်ဆေးဆောင်ရွက်ကြသည်။ ထို့အပြင် ဈေးလာသူများ၊ လမ်းသွားလမ်းလာများအား ပါးစပ်နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် ကိုဗစ်-၁၉ ရောဂါအကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ယနေ့ အသိပညာပေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရဲမှူးနှင့်တပ်ဖွဲ့ဝဂ်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)