အလုံမြို့နယ်၌ အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများလက်ဝယ်အရောက် ဆက်လက်ရောင်းချပေး

အလုံ        အောက်တိုဘာ   ၆

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်၍ နေ့စဉ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က အလုံမြို့နယ်၊ ကရင်ခြံရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ Franc hall ရှေ့၌ ရပ်ကွက်နေပြည်သူများအား အခြေခံစားသောက်ကုန်များကို  လက်ဝယ်အရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင်  ဆန်တစ်ပြည်လျှင် ၁၇၀၀ ကျပ်၊  စားဆီတစ်ပိသာလျှင်  ၄၁၅၀ ကျပ်၊  ကြက်ဥတစ်လုံးလျှင် ၁၇၅ ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန် ၁ ပြည်၊ ဆီ ၅၀ ကျပ်သားနှင့် ကြက်ဥ ၆ လုံးစီတို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါရောင်းချခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကြီးကြပ်ကွပ်ကဲ ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)