နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ပညာရေးဝန်ထမ်းတစ်ဦး၏ ရင်တွင်းစကားသံ

နောင်ချို အောက်တိုဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကိုထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပြီးသူ ပညာရေးဝန်ထမ်းတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ဖော်ပြလိုက်ပါသည်-

ဒေါ်ဖြူဖြူလွင်၊ အလယ်တန်းပြ ၊ အ.ထ.က(၁) ကျွန်မကတော့ အ.ထ.က(၁)မှ အလယ်တန်းပြ ဆရာမ ဒေါ်ဖြူဖြူလွင် ဖြစ်ပါတယ်ရှင်။ ကျွန်မ အခုကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပထမအကြိမ်လာရောက်ထိုးနှံတာဖြစ်ပါတယ်။ ကျွန်မက နှလုံးရောဂါရှိတော့ ဒီကာကွယ်ဆေးကို ထိုးရမှာအရမ်းကြောက်ခဲ့တယ်ရှင့်။ ကျောင်းကမိတ်ဆွေ ဆရာ၊ ဆရာမတွေကထိုးနှံဖို့ တိုက်တွန်းခဲ့ပေမဲ့လည်း အရမ်းကြောက်နေတော့ မထိုးနှံဖြစ်ခဲ့ပါဘူးရှင်။ အခုကိုဗစ်-၁၉ရောဂါက တစ်ကျော့ပြန်လည်လာခဲ့ပြီ၊ သေဆုံးသူတွေလည်း အခုချိန်ထိရှိနေသေးတယ်၊ အဲ့ဒီသေဆုံးသူတွေကလည်း ကာကွယ်ဆေးထိုးနှံမှုမခံယူသူတွေ ဆိုတာကိုကြားသိရတော့ ထိုးနှံမှဖြစ်တော့မယ်လို့ စိတ်ဆုံးဖြတ်လိုက်ပြီး လာရောက်ထိုးနှံတာဖြစ်ပါတယ်ရှင်။ ထိုးနှံပြီးတော့ဘယ်လိုမှမခံစားရဘူးရှင့်။ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ဖို့အတွက် အကြိမ်ပြည့်ထိုးနှံမှုခံယူသွားမှာပါရှင်။

ကျွန်မအနေနဲ့ ပြည်သူများကိုပြောလိုတာကတော့ တဖန်ပြန်လည်ရောက်ရှိလာတဲ့ ကိုဗစ်-၁၉ ရောဂါ ဘေးကနေကင်းဝင်းစေဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံကြပါလို့ တိုက်တွန်းလိုက်ပါတယ်ရှင်။

တွေ့ဆုံမေးမြန်းသူ - ဒေါ်သန်းသန်းထွေး

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)