မရမ်းကုန်းမြို့နယ်၌ ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster)  ထိုးနှံပေး

မရမ်းကုန်း အောက်တိုဘာ  ၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာန၌ အသက် ၁၈နှစ်နှင့်အထက်ပြည်သူများအား ထပ်ဆောင်းကိုဗစ်-၁၉ ကာကွယ်ဆေး(Booster) ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးလာပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့်  ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှသာ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)