မူဆယ် အောက်တိုဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊မူဆယ်မြို့၊လေယာဉ်ကွင်းပြင်၌ ယနေ့ နံနက် ၈ နာရီ အချိန်က လူမှုကူညီရေးအသင်းများနှင့် ပရဟိတအသင်းများပူးပေါင်း၍ စားသောက်ရေးခက်ခဲသူများ အား ဆန်၊ ဆီ၊ ဆား၊ ကြက်ဉများ အခမဲ့ လှူဒါန်းခဲ့သည်။
အဆိုပါ ဝေငှလှူဒါန်းရာတွင် လူမျိုးဘာသာမရွေး စားသောက်ရေးအမှန်အကန် ခက်ခဲသူများကို ကြိုတင်တုံကင်များဖြင့် လာယူစေရာ အိမ်ထောင်စုတစ်ခုတွင် ဆန်(၃)ပြည်၊ ဆီ ၂၅ ကျပ်သား၊ ဆားအစိတ်သား၊ ကြက်ဉ(၅)လုံး၊ အသင့်စားခေါက်ဆွဲနှင့် တိုင်းရင်းဆေးများပါသော အထုပ်ပေါင်း (၆၂၀) ထုပ်ကို လူသားချင်းစာနာထောက်ထားမှုနှင့် အကူအညီပေးရေး ကွန်ရက် (လက်ကမ်းကူညီ ပရဟိတအသင်း) ဦးဆောင်မှုဖြင့် မူဆယ်မြို့ရှိ လူမှုကူညီရေးအသင်းများနှင့် ပရဟိတအသင်းပေါင်းစုံ ပူးပေါင်း၍ ဝေငှလှူဒါန်းခြင်ဆောင်ရွက်ခဲ့ကြကြောင်းနှင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် မိုင်းယု(၁၀၅)မိုင် ကြက်ခြေနီအသင်း၊ သူနာပြုတပ်ဖွဲ့များက နှာခေါင်းစည်း Mask များ လက်ကမ်းခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ချယ်ရီမြေ(မူဆယ်)