ကလိန်အောင်မြို့၌ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေး

ကလိန်အောင် အောက်တိုဘာ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ကျေးလက် ကျန်းမာရေးဌာနဆေးခန်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီက   သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ဆရာမ ဒေါ်ဆုဇာလီဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကလိန်အောင်မြို့အတွင်းရှိ အထက-ကလိန်အောင်ကျောင်းနှင့် အမက-မိကျောင်းလှောင်းရွာသစ်ကျောင်းမှ မိန်းက‌လေးငယ်များဖြစ်‌သော အသက်(၉)နှစ်မှ (၁၁)နှစ်အရွယ်အထိ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးရမည့်သူများမှ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၃ ခုနှစ် ဩဂုတ်လအတွင်း မွေးဖွားသည့် မိန်းကလေးငယ်များကို ပထမအကြိမ် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၀ ရက်က အခမဲ့စတင်ထိုးနှံ ပေးခြင်းဖြစ်ကြောင်း သိရသည်။

ခင်ခင်လဲ့