အမြို့မြို့အနယ်နယ်သတင်းများ

Oct 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်အတွင်းရှိ ပြည်သူများ သက်သာချောင်ချိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ  ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က  လမ်းမတော်မြို့နယ်၊ မော်တင်ယာယီဈေးရပ်ကွက်၊ ကမ်းနားဥပစာလမ်း၌ ပြည်သူများထံသို့ အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Oct 12,2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ဆွမ်း/ကွမ်းခက်ခဲသည့် ဘုန်းတော်ကြီးကျောင်းများတွင် ရဟန်း၊သံဃာ၊ သာမဏေများ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ များကိုယနေ့နံနက်ပိုင်းတွင် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 12,2022
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့ပေါင်း၍ သီးနှံစိုက်ပျိုးထုတ် လုပ်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Oct 12,2022
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား ကျန်းမာရေးကောင်းမွန်၍ အာဟာရဖွံ့ဖြိုးစေရန်အတွက် လူမှုရေးပင်စင်ငွေနှင့် အာဟာရမုန့်များကို ယနေ့နံနက်(၁၀)နာရီက အိမ်တိုင်ရာရောက် ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့သည်။
Oct 12,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင် စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်‌ မျိုးစိတ်သစ်BA.4နှင့်BA.5ရောဂါကြိုတင်ကာကွယ်‌ရေးနည်းလမ်းများနှင့်ကိုဗစ်-‌၁၉‌ရောဂါကာကွယ်ဆေးများထိုးနှံနိုင်စေရေးအတွက် မိဘပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီးလိုက်နာဆောင်ရွက်နိုင်စေဖို့အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်း အချိန်ကစုကလိမြို့ ရပ်ကွက်တွင် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
Oct 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့သည် နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရန်၊ မြို့သန့်ရှင်းသာယာလှပစေရန်၊ လမ်းများကောင်းမွန်စေရန် မြို့ရွာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လမ်းများခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 12,2022
အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်အဖြစ် လစဉ်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်လျက်ရှိရာ  ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်ထောက်ပံ့‌ငွေရရှိသည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများမှ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
Oct 12,2022
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုCommunityCentre ခန်းမတွင် ယ​နေ့မွန်းလွဲ  ၁ နာရီခွဲအချိန်က မူလတန်းအဆင့် ပုံပြောပြိုင်ပွဲကိုကျင်း ပပြုလုပ်ခဲ့ကြောင်း သိရသည်။