ထားဝယ်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်း

ထားဝယ်    အောက်တိုဘာ  ၁၂

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ဆွမ်း/ကွမ်းခက်ခဲသည့် ဘုန်းတော်ကြီးကျောင်းများတွင် ရဟန်း၊သံဃာ၊ သာမဏေများ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ များကိုယနေ့နံနက်ပိုင်းတွင် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် တနင်္သာရီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူး၊ တနင်္သာရီမြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ခေတ္တမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးစီးအရာရှိ၊ ဦးမင်းနိုင်ဦးနှင့် တနင်္သာရီမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးဝန်ထမ်းများက တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက်၊ မဟာသန္တိ သုခဝင်္ကဘာကျောင်းတိုက်သို့ ဆန်()အိတ်၊ ဆီ(၁၂) ပိဿာခွဲ၊ ကုလားပဲ()ပိဿာ၊ ဆား()ပိဿာနှင့် ကြက်ဥ (၅၀)လုံးစသည့် တို့ကိုကျောင်းထိုင်ဆရာတော်ထံသို့ ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)