ဒဂုံ အောက်တိုဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့သည် နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရန်၊ မြို့သန့်ရှင်းသာယာလှပစေရန်၊ လမ်းများကောင်းမွန်စေရန် မြို့ရွာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လမ်းများခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလမ်းများခင်းခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၂၇.၃၂၄ ဖြင့် နဝဒေးလမ်း(၇၆၂'×၃၈'×၂") (၇၃၈'×၃၅'×၂") (၆၅'+ ၃၈'/၂"× ၂၀'×၂")နှင့်ယောမင်းကြီးလမ်း (၁၉၂၅'×၃၃'×၂")၊(၉၀'+၃၃'/၂" ×၂၅'×၂")၊(၇၀'+၃၃'/၂"×၂၅' ×၂")တို့အား ကတ္တရာကွန်ကရစ်ခင်းခြင်းအား အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ဒဂုံမြို့နယ်စည်ပင်သာယာရေးကော်မတီ အုပ်ချုပ်ရေးမှုးထံမှ သတင်းရရှိပါသည်။
ကြည်ဇေသော်