စုကလိမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ် BA.4 နှင့်BA.5 ရောဂါ ကာကွယ်ရေး နည်းလမ်းများအား အသိပေးနှိုးဆော်မှုများ ဆောင်ရွက်

စုကလိ အောက်တိုဘာ  ၁၂

ကရင်ပြည်နယ်၊ မြဝတီခရိုင် စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်‌ မျိုးစိတ်သစ်BA.4နှင့်BA.5ရောဂါကြိုတင်ကာကွယ်‌ရေးနည်းလမ်းများနှင့်ကိုဗစ်-‌၁၉‌ရောဂါကာကွယ်ဆေးများထိုးနှံနိုင်စေရေးအတွက် မိဘပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီးလိုက်နာဆောင်ရွက်နိုင်စေဖို့အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်း အချိန်ကစုကလိမြို့ ရပ်ကွက်တွင် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ်BA.4နှင့် BA.5 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများလိုက်နာရမည့် အချက်များကို နှိုးဆော်ပေးရာတွင် မျိုးကွဲသစ်အိုမီခရွန် မျိုးစိတ်သည်ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရဖူးသူများလည်း ပြန်လည်ကူးစက်နိုင်ခြင်း၊ ကိုဗစ်-၁၉‌ရောဂါကာကွယ်ဆေးများထိုးနှံခြင်းဖြင့် ရောဂါကူးစက်မှု ရောဂါပြင်းထန်မှုများကို ထိရောက်စွာလျော့ချနိုင်ခြင်းတို့‌ကြောင့် ကိုဗစ်ကာကွယ်ဆေးများကို ကြိမ်နှုန်းပြည့်ထိုးနှံကြရန်နှင့် ကလေးများနှင့်အသက် ၃၀နှစ်အောက်လူငယ်များ၌ ပိုမိုကူးစက်နိုင်ခြင်းကြောင့်ပြည်သူများ အနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ ပြင်ပသို့ထွက်ခွာပါကပါးစပ်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်သွားလာကြရန် ပြင်ပမှလာသောဧည့်သည်များအား လက်မခံပါရန်၊ ပါးစပ်နှာခေါင်းစည်း မတပ်သူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ကြရန်၊ တစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့်စက္ကန့်၂၀ကြာအောင် မကြာခဏ စနစ်တကျဆေး‌ကြောရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ဆက်သွယ်၍ မပျက် မကွက်ဆေးကုသမှုခံယူရန် စသည့်ဆောင်ရန်/ ရှောင်ရန်နည်းလမ်းများကို အသိပညာပေးတိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

ပိုပိုအောင်