အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ မူလတန်းအဆင့် ပုံပြောပြိုင်ပွဲကျင်းပ

အမရပူရ အောက်တိုဘာ ၁၂

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုCommunityCentre ခန်းမတွင် ယ​နေ့မွန်းလွဲ  ၁ နာရီခွဲအချိန်က မူလတန်းအဆင့် ပုံပြောပြိုင်ပွဲကိုကျင်း ပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်လှက ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြော​ကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့်ကလေးငယ်များက ပုံပြောပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ ဦးစီးအရာရှိ ဒေါ်တင်တင်လှနှင့် စာကြည့်တိုက် တာဝန်ခံဒေါ်သန္တာထွန်းတို့က အကဲဖြတ်အမှတ်ပေးခဲ့ကြသည်။ ယင်းနောက်ဆုရကလေးငယ်များအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)