Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရပ်ကွက်/ကျေးရွာ များအတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်
Oct 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ခြင်းကို မြို့နယ် ရပ်ကွက်/ကျေးရွာ များတွင် အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်အတွင်းရှိ အဘိုး၊ အဘွားများအား သွားရောက်ထောက်ပံ့လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခုတ်မြို့၌ မိုင်းခုတ်-ပုံတပ်(၂) လမ်းတာချဲ့ခြင်းနှင့် Box Culvert ၁ စင်းဆောင်ရွက်နေမှု ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး
Oct 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့၌ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများသွားလာရေးအဆင်ပြေချောမွေ့စေရန် မိုင်းခုတ်-ပုံတပ်(၂)လမ်းပိုင်း ၈/၄ မိုင်အနက် ၄/၀ မိုင် လမ်းတာချဲ့ခြင်းလုပ်ငန်းနှင့် Box Culvert ၁ စင်းဆောင်ရွက်လျက်ရှိရာ ယခုအခါ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်လင်မြို့၌ ဆီလုပ်ငန်းရှင်များအသင်းမှ ဆီ(၁)ပိဿာ ၅၂၀၀ ကျပ်ဖြင့် ရောင်းချပေး
Oct 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စားသုံးသူလက်ဝယ်အရောက် တိုက်ရိုက်လက်လီလက်ကားစနစ်ဖြင့် ဆီ(၁)ပိဿာလျှင် ၅၂၀၀ ကျပ်နှုန်းဖြင့် အောက်တိုဘာလ ၁၂ ရက်နေ့ မွန်းလွဲ(၂)နာရီက မြို့မဈေးကြီးအနောက်ဘက်တွင် ရောင်းချလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ
Oct 13,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူလူထုများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲညနေပိုင်းက ဟွေကြိမ်ကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Oct 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ
Oct 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ မြို့ပေါ်လူစည်ကားရာနေရာများ၌ Mask တပ်ဆင်ထားခြင်းမရှိသူ လမ်းသွားလမ်းလာပြည်သူများအား MaskCampaign ပြုလုပ်၍ Mask နှင့် FaceShield များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံကြရန် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက်(၇)နာရီအချိန်က မြို့မစျေးနှင့် လူစည်ကားရာနေရာများ၌ ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပွင့်နေခြည်ဇာတ်သဘင်အဖွဲ့အား ထောက်ပံ့ငွေ ပေးအပ်
Oct 12,2022
အောက်တိုဘာ ၅ ရက်နေ့က မြဝတီအာရှလမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆ ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံသဘင်အစည်းအရုံးဝင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ပွင့်နေခြည်ဇာတ်အဖွဲ့အား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မွန်ပြည်နယ် အစိုးရအဖွဲ့ အောင်ဆန်းခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဌာနဆိုင်ရာများနှင့် ပြည်နယ်အတွင်းရှိ သဘင်အဖွဲ့အစည်းဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ်ရှိ နွမ်းပါးသည့်ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဆန်၊ ဆီနှင့်ကြက်ဥများအား ဆက်လက်ရောင်းချပေး
Oct 12,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သာကေတမြို့နယ်ရှိ ဆင်းရဲနွမ်းပါးသည့်ပြည်သူများအား အထောက်အကူဖြစ်စေရန် စျေးနှုန်းသက်သာစွာဖြင့်
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15577
Page
15578
Page
15579
Page
15580
Current page
15581
Page
15582
Page
15583
Page
15584
Page
15585
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department