ဟိုပန် အောက်တိုဘာ ၁၂
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား ကျန်းမာရေး ကောင်းမွန်၍ အာဟာရဖွံ့ဖြိုးစေရန်အတွက် လူမှုရေးပင်စင်ငွေနှင့် အာဟာရမုန့်များကို ယနေ့နံနက် (၁၀) နာရီက အိမ်တိုင်ရာရောက် ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့သည်။
ကွင်းဆင်းထောက်ပံ့ရာတွင် ဟိုပန်မြို့နယ်၊ ပန်လုံလမ်းရပ်ကွက်မှ (၃)ဦး၊ နောင်မူကျေးရွာမှ(၅)ဦးနှင့် မော်ဟွေ့ကျေးရွာမှ(၁၃)ဦး စုစုပေါင်း အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွား(၂၁)ဦးတို့အား "၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်နွေမိုးအေးနှင့် ခရိုင်၊ မြို့နယ်အသင်းဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ ဟိုပန်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးဘောမ်ယိမ်းနှင့် ဝန်ထမ်းများက၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယ သုံးလပတ် (ဇူလိုင်၊ဩဂုတ်၊စက်တင်ဘာ)အတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေ တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် သုံးလစာ သုံးသောင်းကျပ်စီနှင့် အချိုရည်၊ အာဟာရမုန့်များအား အိမ်တိုင်ရာရောက်သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဟိုပန်မြို့နယ် အတွင်းတွင် အသက်(၈၅)နှစ်အထက် အဘိုးအဘွားစုစုပေါင်း(၈၃)ဦးရှိကာ ၎င်းတို့အား သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် ချိတ်ဆက်၍ ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ဟိုပန်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)