Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စဉ့်ကိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်
Oct 12,2022
လူငယ်လူရွယ်များ စာဖတ်သည့်အလေ့အကျင့်များ တိုးပွားလာစေရန် အားလပ်ချိန်အား အကျိုးရှိစွာ အသုံးချနိုင်စေရန် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်ချက်များဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်မိုလ်ဘိုင်း စာငှားရမ်းခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်စန္ဒာအေးအောင်၊ ဒုတိယဦးစီးမှူးနှင့် ဒေါ်နှင်းအိအိခိုင်၊စာထောက်-၃ တို့က ယနေ့မွန်းလွဲ (၁) နာရီကမြို့နယ် စာရင်းစစ်ရုံးတွင် အခမဲ့ ငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဆက်လက် ရောင်းချပေး
Oct 12,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနတို့၏ ကြီး ကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက် ၉ နာရီအချိန်မှစတင်ပြီး ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်ရောင်းချပေးနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်ခရိုင်အတွင်းရှိ သံဃာတော်နှင့် သီလရှင်များအား နိုင်ငံကူးလက်မှတ်များ ကွင်းဆင်းဆောင်ရွက်ပေး
Oct 12,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ တိုင်းဒေသကြီးသံဃနာယကအဖွဲ့၏ ဦးဆောင်မှုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနခွဲ (ထားဝယ်ရုံး)မှ တာဝန်ရှိသူများက မြိတ်မြို့ ရေပုန်းရပ်ကွက်ရှိ သံဃာ့ဆေးရုံတွင် မြိတ်ခရိုင် အတွင်းရှိ သံဃာတော်နှင့် သီလရှင်များ၏ နိုင်ငံကူးလက်မှတ်များအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သီတင်းကျွတ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်
Oct 12,2022
သီတင်းကျွတ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၀ ရက်နေ့ ညနေပိုင်းက ဘားအံမြို့၊ ဂေါက်ကလပ်၌ ကျင်းပရာ ဘားအံဂေါက်သီးရိုက်အသင်းဥက္ကဋ္ဌ သူရမြင့်သူက ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဘားအံဂေါက် ကလပ်ရေရှည်တည်တံ့ရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် ဂေါက်ကလပ် (Member) ဝင်များက အလှူငွေများ ထည့်ဝင်လှူဒါန်းပေးကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဘားအံ ဂေါက်သီးရိုက်အသင်းဥက္ကဋ္ဌတို့က လက်ခံရယူကြသည်။
အပြည့်အစုံ ဖတ်ရန်
နယ်စပ်ရေးရာဝန်ကြီးဌာနက ကယားပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများထောက်ပံ့လှူဒါန်း
Oct 12,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဘောလခဲခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးကွပ်ကဲမှုအောက်ရှိ ဖားဆောင်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအနေဖြင့် ဖားဆောင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဝါတွင်းကာလသံဃာတော်များ ဆွမ်းဆန်တော်အခက်အခဲမရှိစေရေးအတွက် ဆန်၊ ဆီ၊ ဆားနှင့်ကုလားပဲများအား ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မြေအောက်ရေကိုအသုံးပြုပြီး စိုက်ပျိုထားသော သင်္ဘောစိုက်ခင်များ အောင်မြင်ဖြစ်ထွန်း
Oct 12,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ကြက်မောက်တောင်ဆည်အနီး ကျေးလက်နေတောင်သူများသည် မြေအောက်ရေကိုအသုံးပြုကာ စိုက်ပျိုးထားသော သင်္ဘောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘောလုံးအားကစားနည်းဖြင့် ကရင်ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်သူများဖြစ်အောင် ကြိုးစားကြစေလို
Oct 12,2022
တည်ငြိမ်အေးချမ်း၍ ဖွံဖြိုးတိုးတက်လာသည်နှင့်အမျှ ကရင်ပြည်နယ်အတွင်း နေရာဒေသအသီးသီးတွင် ဘောလုံးပြိုင်ပွဲများကို ကျင်းပနိုင်ခဲ့ပြီး ဘောလုံးအားကစားနည်းဖြင့် ကရင်ပြည်နယ်၏ ဂုဏ်ကိုမြှင့်တင်ပေးနိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) တွင် ကရင်ပြည်နယ်လက်ရွေးစင် အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးအသင်းအား လက်ခံတွေ့ဆုံရာ၌ ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အုန်းအခြေခံလက်မှုထည် ကာလတိုသင်တန်းဖွင့်လှစ်
Oct 12,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာတွင် ဒေသထွက် အုန်းသီးများမှ စွန့်ပစ်ပစ္စည်း အုန်းမုန့်ခွက်ကုန်ကြမ်းပစ္စည်းများကို အခြေခံ၍ ကျေးလက်ဒေသတွင်း ကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာစေရန်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အုန်း အခြေခံလက်မှုထည် ကာလတိုသင်တန်းကို မြိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အောက်တိုဘာ(၁၂)ရက် နံနက်ပိုင်းက စန္ဒဝတ်ကျေးရွာ ဓမ္မရံသီ (စန္ဒဝတ်အနောက်) ကျောင်းတိုက်တွင် ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15582
Page
15583
Page
15584
Page
15585
Current page
15586
Page
15587
Page
15588
Page
15589
Page
15590
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department