ဒဂုံမြို့နယ်အတွင်းရှိ‌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ဒဂုံ   အောက်တိုဘာ   ၁၂

အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်အဖြစ် လစဉ်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်လျက်ရှိရာ  ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်ထောက်ပံ့‌ငွေရရှိသည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများမှ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ‌ရေးနှစ်၊ ဒုတိယ(၃)လပတ်တွင် ရပ်ကွက်(၅)ခုရှိ လူမှုရေးပင်စင်ထောက်ပံ့ငွေရရှိသည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၉၀ )ဦးရှိပြီး တစ်ဦးလျှင် ကျပ်(၃၀,၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၂၇၀၀၀၀၀)ကို သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက လူမှုရေးပင်စင်များကို အဘိုး၊ အဘွားများ လက်ဝယ်အရောက် လိုက်လံပေးအပ်ခဲ့‌ကြကြောင်း သတင်းရရှိ ပါသည်။

ကြည်ဇေသော်