ပန်းတောင်းမြို့နယ်တွင် တောင်သူစိုက်ပျိုးနည်းပညာပေး သင်တန်းဖွင့်လှစ်

ပန်းတောင်း အောက်တိုဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် တောင်သူစိုက်ပျိုးနည်းပညာသင်တန်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ယနေ့နံနက်(၉:၀၀) အချိန်က သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်ဦးစီးမှူးဒေါ်အေးအေးသင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက်  စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ တောင်သူစိုက်ပျိုးနည်းပညာပေးသင်တန်းကို ဒုတိယတိုင်းဒေသကြီးဦးစီးမှူးရုံး(ပြည်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လှကြိုင်ဦးဆောင်သောပညာရှင်(၅)ဦးမှ လာရောက်သင်တန်းပို့ချခဲ့ကြောင်း သိရသည်။ ၎င်းပညာရှင်(၅)ဦးမှ ဝါသီးနှံနှင့်နေကြာသီးနှံများအတွက် အထွက်နှုန်းတိုးတက်ရေး စိုက်ပျိုးနည်းစနစ်များ၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းများ၊ အာဟာရသုံးစွဲမှုနည်းပညာများ၊ မျိုးစေ့ထုတ်လုပ်နည်းပညာများကို အသီးသီးဆွေးနွေးခဲ့ကြောင်းသိရသည်။

သင်တန်းတွင် စိုက်ပျိုးရေးညှိနှိုင်းမှုကော်မတီမှ ဌာနဆိုင်ရာ ဝန်ထမ်း(၅)ဦး၊ တောင်သူ(၂၃)ဦး၊ ဝန်ထမ်း(၁၅)ဦး စုစုပေါင်း(၄၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)