Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ (၂၀၂၅-၂၀၂၆) ပညာသင်နှစ်၊ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ
May 28,2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ် ဆွေးနွေးပွဲအခမ်းအနားတက်ရောက်
May 28,2025
ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာဆိုင်ရာများ၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်း စံပြဆုရရှိသည့် ကျေးရွာကိုယ်စားလှယ်များ၊ စီမံကိန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်းဆောင်ရွက်
May 28,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ အဖွဲ့ဝင်များက ကျောင်းသား/သူများ ကျောင်းများဖွင့်လှစ်နေစဉ်ကာလအတွင်း ရာသီတုတ်ကွေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ခြင်အန္တရာယ်ကင်းရှင်းစေရေးအတွက် သရက်ချောင်းမြို့ပေါ်ကျောင်းများ၌ ယမန်နေ့က ခြင်ဆေးမှုတ်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးတံခွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ငလျင်ဘေးသင့် ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများ၊ ပြည်သူများအား ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်က…
May 28,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အောက်ထပ်၌ (၂၈.၃.၂၀၂၅) ရက်နေ့တွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေး သင့်ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများအား ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က တတိယအကြိမ် အဖြစ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ(အခမဲ့)ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ဧက ၃၄၀၀၀ ကျော်စိုက်ပျိုးမည်
May 28,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ဧက ၃၄၀၀၀ ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 28,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မိုးဦးကျကာလအတွင်း ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သောသွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပိုးလောက်လန်းများမပေါက်ဖွားစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုအရ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးစီးမှူး ဒေါက်တာဝင်းဇော်ဦးကြီးကြပ်၍ ဆရာ/ဆရာမများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီခွဲအချိန်မှစ၍ အခြေခံပညာကျောင်းများတွင် ကျောင်းမဖွင့်မီ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်း ရေကန်၊ ရေပုံး၊ ရေတိုင်ကီများအတွင်းသို့ အဘိတ်ဆေးခတ်ပေးခြင်းနှင့် ဖုံး-သွန်-လဲ-စစ်လုပ်ငန်းများကို လိုက်လံဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်အဆင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပပြုလုပ်
May 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်၊ရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း အမျိုးသားခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် မိုးသီးနှံ၊ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက်တောင်သူ စိုက်ပျိုးနည်းပညာပေးဆွေးနွေးပွဲကျင်းပ
May 28,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးသီးနှံ၊ မိုးစပါးစိုက်ပျိုးမည့် တောင်သူများ မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ရေး၊ မြေဆီဩဇာထက်သန်ရေးလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် မိုးသီးနှံ၊မိုးစပါးစိုက်ပျိုးမည့်တောင်သူများအား တောင်သူစိုက်ပျိုးနည်းပညာပေး ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၂) နာရီအချိန်ကပွဲလုံးကျော်ကျေးရွာ အုပ်စုရှိ၊ ထိန်ကန်ကြီးကျေးရွာ၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1534
Page
1535
Page
1536
Page
1537
Current page
1538
Page
1539
Page
1540
Page
1541
Page
1542
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department