အမြို့မြို့အနယ်နယ်သတင်းများ

Jan 13,2026
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန် မြို့ပေါ်(၄)ရပ်ကွက်ရှိအိမ်ထောင်စုဝင်ပြည်သူများအား စားအုန်းဆီများကို အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ တစ်ပိဿာကျပ် (၇၃၀၀) နှုန်းဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ယနေ့နံနက် (၈) နာရီကရောင်းချပေးသည်။      
Jan 13,2026
ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF  သင်တန်းဆင်း ဥပဒေဘောင်အတွင်း အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း/လက်ခံခြင်းအခမ်းအနားကို ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 13,2026
ကရင်ပြည်နယ်အတွင်း တရုတ်လှ၊ ဘားကပ်၊ ထုံးအိုင်၊ ဇာသပြင်၊ သံလှယ်နှင့် ဂျိုင်း စသည့် မြစ်ရေတင်စီမံကိန်း (၆)ခုမှ  ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စိုက်ဧကပေါင်း ၂၄၀၀ ကျော်ကို စိုက်ပျိုးရေပေးဝေသွားရန်လျာထားဆောင်ရွက်လျက်ရှိပြီး အဆိုပါမြစ်ရေတင်လုပ်ငန်းများမှ စိုက်ပျိုးရေလုံလောက်စွာပေးဝေနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆိုလာ ဓာတ်အားပေးစနစ်ကို တွဲဘက်တပ်ဆင်ဆောင်ရွက်ပေးလျက်ရှိသည်။
Jan 13,2026
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာ ရပ်ကွက် (၅) တွင် ဇန်နဝါရီလ (၁၂) ရက်နေ့ ည (၇) နာရီခန့်က မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ရာ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဝင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများမှ မီးသတ်ယာဉ် (၇) စီး နှင့် ရေသယ်ယာဉ် (၄) စီးတို့ဖြင့် ပူးပေါင်း၍ မီးငြှိမ်းသတ်ခဲ့သည့်အတွက် ည ၇ နာရီ ၃၅မိနစ်အချိန်တွင် လုံးဝမီးငြှိမ်းသွားကြောင်း သိရသည်။
Jan 13,2026
ချောင်းဆုံမြို့နယ်တွင် အရွယ်မတိုင်ခင် ကလေးသူငယ်များ လုပ်ငန်းခွင်သို့ ရောက်ရှိမှုမရှိစေရေးအတွက် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ဇန်နဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်းက ကုလားတို့ (အမက) ကျောင်းတွင်ပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦးခန့် တက်ရောက်သည်။
Jan 13,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းနှင့် အသိပညာပေးဟောပြောပွဲများကို ယနေ့နံနက် (၁၀) နာရီအချိန်က အ.ထ.က စကမြားကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 13,2026
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ကန့်ဘလူမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပရာ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ နေရပ်စွန့်ခွာပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
Jan 13,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ရုံးသို့ လာရောက်စာအုပ်ငှားနိုင်ခြင်းမရှိသော စာဖတ်ပရိသတ်စာငှားပရိသတ်များအား ယနေ့နေ့လယ် ၁ နာရီမှ ၃ နာရီအချိန်ထိ မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် မြို့နယ်စာတိုက်သို့ စာပေဖတ်ရှုနိုင်ရန် ရုံးဌာနများသို့ လက်ဝယ်အရောက်သုတ/ရသစာအုပ်များအား ကွင်းဆင်းလှည့်လည်ငှားပေးကြသည်။