အမြို့မြို့အနယ်နယ်သတင်းများ

May 28,2025
မန္တလေးတိုင်းဒေသကြီ၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ခုနှစ် ဆီထွက်သီးနှံ(နှမ်း၊နေကြာ)မျိုးများ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က  ဆည်ရွာကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
May 28,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပလတ်စတစ်လျှော့ချရေးအသိပညာပေး(Campaign)ပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့မဈေးကြီးတွင် ကျင်းပခဲ့သည်။
May 28,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့၊ မှန်တန်းရပ်ကွက်အတွင်းရှိ မန္တလေးငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အိမ်ရှင်များအား ယနေ့နံနက် ၁၁ နာရီအချိန်က မှန်တန်းရပ်ကွက်ရှိ မိုးကောင်းဓမ္မာရုံတွင် Save the Children အဖွဲ့မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
May 28,2025
လာမည့်ဇွန်လာ ၅ ရက်နေ့တွင် ကျရောက်မည့် ၂ဝ၂၅ ခုနှစ် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အကြို လှုပ်ရှားမှုအဖြစ် ခရိုင်ပတ်ဝန်ကျင်းထိန်းသိမ်းရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက် သော အသိပညာပေးဟောပြောပွဲကို မိတ္ထီလာမြို့နယ် တောမကျေးရွာအုပ်စု တောမကျေးရွာ၌ ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
May 28,2025
မန္တလေးတိုင်း‌ဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို  ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 28,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံဆောင်ရွက်ခြင်းကို မေလ ‌၂၂ ရက်နေ့မှစတင် လက်ခံဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ ၂၇၇၂၆ ဦး လာရောက်အပ်နှံလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
May 28,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့သည်။
May 28,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်းပြီး ကျယ်ကျယ်ပြန့်ပြန့်လေ့လာသိရှိပြီး လိုက်နာဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၊ မြေစိုက်နံရံကပ်ပြဘုတ်၌ အသိပညာပေးနံရံကပ်စာစောင်ပြသကြသည်။