Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တာချီလိတ်မြို့၌ နိုင်ငံတော်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီး၏ တရားပွဲတွင် အလှူငွေထည့်ဝင်လှူဒါန်းသည့် အလှူရှင်များအား ဘုရားဆင်းတုတော်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ…
Jan 14,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ရွှေတိဂုံစေတီတော်ရင်ပြင်၌ ကျင်းပသည့် နိုင်ငံတော်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ကြီး၏ တရားပွဲတွင် နဝကမ္မအလှူတော်ငွေနှင့် ဆေးပဒေသာပင်အလှူတော်ငွေများ ထည့်ဝင်လှူဒါန်းသော အလှူရှင်များအား ဘုရားဆင်းတုနှင့် ဂုဏ်ပြုအနုမောဒနာ မှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ ခရိုင်/ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 14,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင် လမ်းဘေး ဝဲ/ယာတစ်လျှောက် ချုံနွယ်များ ရှင်းလင်းခြင်းနှင့် ကွန်ကရစ်လမ်းသား နိမ့်ကျပျက်စီးမှု ပြုပြင်ခြင်းလုပ်ငန်းများအား ကွ…
Jan 14,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်သည် ဇမ္ဗူသီရိမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်မျိုးဦးတို့လိုက်ပါလျက် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ သံလွင်လမ်း၊ ရွှေဇမ္ဗူလမ်း၊ သော်ကလမ်းနှင့် ဘောဂသိဒ္ဓိရပ်ကွက်၊ သုခသီတာလမ်းဘေး ဝဲ/ယာတစ်လျှောက် ထွန်စက်၊ မြက်ဖြတ်စက်များဖြင့် ချုံနွယ်များ ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) များ တပ်ဆင်ဆောင်ရွက်လျက်ရှိ
Jan 14,2026
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦးနှင့် တာဝန်ရှိသူများသည် မက်မန်းမြို့နယ်၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)တွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) တပ်ဆင်ဆောင်ရွက်နေမှု လုပ်ငန်းများကို ဇန်နဝါရီလ ၁၃ ရက် မွန်းလွဲပိုင်းက မိုင်းပျဉ်းမြို့ ခလရ (၄၃) တပ်နယ်ခန်းမ၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးဒေသထွက် ချဉ်ပေါင်ဖာလာများ ဈေးနှုန်းအနည်းငယ်မြင့်တက်
Jan 14,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် ဥယျာဉ်ခြံလုပ်ငန်းများဖြစ်သည့် ကွမ်းသီး၊ တညင်း၊ ဒူးရင်း၊ ကော်ဖီ၊ မင်းကွတ် စသည်တို့ကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ အသက်မွေးဝမ်းကြောင်းအဖြင့် ဖာလာစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြပြီး ချဉ်ပေါင်ဖာလာသီးများ အထွက်နှုန်းလျော့နည်းသည့်အတွက် ဈေးကောင်းရရှိရန် မျှော်လင့်သော်လည်း ဒီဇင်ဘာလအထိ ပုံမှန်ဈေးသာရရှိပြီး ယခုဇန်နဝါရီလ ဒုတိယပတ်မှစပြီး ဈေးနှုန်းအနည်းငယ်မြင့်တက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်ခရိုင်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ခရိုင်အဆင့် လူရည်ချွန်စာမေးပွဲ ကျင်းပ
Jan 14,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နိုင်ငံ့အတွက် အရည်အချင်းမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ထွန်းလာစေရေးရန် ဘက်စုံထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်ပျိုးထောင်ပေးရန် ရည်ရွယ်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဇန်နဝါရီ ၁၄ ရက် နံနက် (၉) နာရီက ခရိုင်အဆင့် လူရည်ချွန်စာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒက္ခိဏသီရိမြို့နယ်၌ မန္တလေးငလျင်ဒဏ်ခံစားခဲ့ရသော ဒေသခံပြည်သူများအား ဝင်ငွေတိုးစီမံကိန်းဖြင့် နည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Jan 14,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ နေပြည်တော်ကောင်စီ ဖြည့်စွက်ဘဏ္ဍာရန်ပုံငွေဖြင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်မည့် စက်ချုပ်နည်းပညာသင်တန်းနှင့် ရေခဲမုန့်နှင့်ဖျော်ရည်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ Incubation Center ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ဒက္ခိဏသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ သင်တန်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Jan 14,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်း ကျောင်းတို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းပြီး စာအုပ်စာစောင်များ အခမဲ့ငှား ရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1531
Page
1532
Page
1533
Page
1534
Current page
1535
Page
1536
Page
1537
Page
1538
Page
1539
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department