Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ထန်းတပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း သား/သမီးများအား ထောက်ပံ့ငွေပေး အပ်ပွဲအခမ်းအနားကျင်းပ
May 27,2025
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဝန်ထမ်း သား/သမီးများအား ပညာသင်စရိတ်ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်လွဲပိုင်းက မြို့နယ်သီရိရတနာခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်မြို့၌ “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲနှင့်ပန်းချီပိုစတာပြိုင်ပွဲ ကျင်းပ…
May 27,2025
၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ထားဝယ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး Ending Plastic Pollution Globally ခေါင်းစဉ်ဖြင့် စာစီစာကုံး ပြိုင်ပွဲနှင့်ပန်းချီပိုစတာပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၅-ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်သို့ တက်ရောက်
May 27,2025
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိ ပသာဒ အကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက်(၇)နာရီခွဲက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အောင်စည်ပင်ဆုတောင်းပြည့်ဘုရားအရှေ့၊ တိုးချဲ့ လေယာဉ်ကွင်းဧရိယာအတွင်း၌ ၂၀၂၅-ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်အား ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 27,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်း(ကျောက်တံခါး)ကျောင်း ပတ္တမြားခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အထိမ်းအမှတ် အခမ်းအနားကျင်းပ
May 27,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ မွေးမြူရေးဇုန်(ကျိုင်းတုံ) လျာထားမြေနေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
May 27,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်စိုးလှိုင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက် (၁၀) နာရီခွဲအချိန်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မွေးမြူရေးဇုန် (ကျိုင်းတုံ) လျာထားမြေနေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူခရိုင်၌ မိုးရာသီ သီးနှံစုံဧက ၆၁၄၀၀၀ ကျော် လျာထားစိုက်ပျိုးသွားမည်
May 27,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြသူများဖြစ်ပြီး နွေ၊ မိုး၊ ဆောင်းရာသီအလိုက် သီးနှံများကို စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ ယခုနှစ်မိုးရာသီတွင် ဆည် ရေသောက်၊ ချောင်းပိတ်၊ မြောင်းပိတ်၊ မိုးကောင်းသောက်၊ လျှပ်စစ်ရေတင်နှင့် မြေအောက်ရေတင်စနစ်များဖြင့် ခရိုင်အတွင်ရှိ မြို့နယ်များ၌ မိုးရာသီသီးနှံစုံ ၆၁၄၅၀၅ ဧကကို လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ကျူးမြို့နှင့် ရှင်ကျင့်မြို့များသို့ ချစ်ကြည်ရေးခရီးစဉ်သွားရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့ ပြည်ပထွက်ခွာ
May 27,2025
၂၀၂၅ ခုနှစ် မေလ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ကျူးမြို့နှင့် ရှင်ကျင့်မြို့များသို့ ချစ်ကြည်ရေးခရီးစဉ်သွားရောက်ရန်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်(၁၀)ဦးတို့သည် ယမန်နေ့ နံနက် ၁၁ နာရီ ၂၅ မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1535
Page
1536
Page
1537
Page
1538
Current page
1539
Page
1540
Page
1541
Page
1542
Page
1543
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department