Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မုံရွာမြို့၌ ကမ္ဘ့ာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို Ending Plastic Pollution ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေးခေါင်းစဥ…
May 28,2025
စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မုံရွာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသောပြည်သူများအနေဖြင့် ၂၀၂၅ ခုနှစ်၊ ကမ္ဘ့ာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို သိရှိစေရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများတွင် ပိုမိုပူးပေါင်းပါဝင်လာနိုင်စေရန်ရည်ရွယ်ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင်ကျရောက်မည့် (၅၂)ကြိမ်မြောက် ကမ္ဘ့ာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အကြိုအနေဖြင့် Ending Plastic Pollution ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေးခေါင်းစဥ်ဖြင့် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ
May 28,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို၊ မေလ (၂၈) ရက်နေ့ နံနက် (၉) နာရီက စံပြရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ပညာဂုဏ်ရောင် ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ် ငလျင်ဘေးဒဏ်ကြောင့် ယိုင်နဲ့နေသည့် အဆောက်အဦပြိုကျမှု ဖြစ်ပွား
May 28,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေ အနောက်ရပ်ကွက်၊ အကွက် (၅၂၃)၊ ၈၄ လမ်း၊ ၃၉ x ၄၀ လမ်းကြားတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်ကRC ၄ ထပ်တိုက် ပြိုကျမှု ဖြစ်ပွားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြို့ပင်ကောက်မြို့၌ ၂၀၂၅ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
May 28,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို အစောဆုံးချေးငွေ ပြန်လည်ပေးဆပ်ခဲ့သော တောင်သူများထံ ယနေ့မွန်းလွဲပိုင်းက စတင်ထုတ်ချေးပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေ ပေးအပ်
May 28,2025
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးစပါးစိုက်တောင်သူ (၃၄၀၀) ကျော်အား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မြိတ်ခရိုင်ဘဏ်ခွဲ)မှ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း သုံးသောင်းကျော် ထုတ်ချေးပေးမည်…
May 28,2025
လယ်ယာစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် တောင်သူများအား အရင်းအနှီးများ ရရှိစေရေးအတွက် နိုင်ငံတော်မှ စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ် ထုတ်ချေးပေးလျက်ရှိရာ ယခုနှစ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မြိတ်ခရိုင်ဘဏ်ခွဲ)မှ မြို့နယ်များရှိ မိုးစပါးစိုက်ပျိုးကြမည့် တောင်သူ (၃၄၀၀) ကျော်အား စိုက်ပျိုးစရိတ် ချေးငွေ ကျပ်သိန်းပေါင်း သုံးသောင်းကျော်ကို ထုတ်ချေးပေးသွားမည်ဖြစ်ကာ ယနေ့နံနက်ပိုင်းမှ စတင်၍ မြိတ်ခရိုင်ဘဏ်ခွဲတွင် တောင်သူများအား စတင်ထုတ်ချေးပေးသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်
May 28,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါဘဏ်ခွဲတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် ဆီထွက်သီးနှံ (နှမ်း၊နေကြာ) မျိုးများ ပေးအပ်
May 28,2025
မန္တလေးတိုင်းဒေသကြီ၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ခုနှစ် ဆီထွက်သီးနှံ(နှမ်း၊နေကြာ)မျိုးများ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ဆည်ရွာကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1530
Page
1531
Page
1532
Page
1533
Current page
1534
Page
1535
Page
1536
Page
1537
Page
1538
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department