ချောင်းဆုံမြို့နယ်၌ မီးကြွင်းမီးကျန်မှ တဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား

ချောင်းဆုံ ဇန်နဝါရီ ၁၃

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာ ရပ်ကွက် (၅) တွင် ဇန်နဝါရီလ (၁၂) ရက်နေ့ ည (၇) နာရီခန့်က မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ရာ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဝင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများမှ မီးသတ်ယာဉ် (၇) စီး နှင့် ရေသယ်ယာဉ် (၄) စီးတို့ဖြင့် ပူးပေါင်း၍ မီးငြှိမ်းသတ်ခဲ့သည့်အတွက် ည ၇ နာရီ ၃၅မိနစ်အချိန်တွင် လုံးဝမီးငြှိမ်းသွားကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်ကို ပြည်နယ်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)နှင့် အဖွဲ့ဝင်များ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး ဒရယ်ကျေးရွာ ရပ်ကွက် (၅) နေ ဦးရွှေအေး၏ (၂) ထပ် သွပ်မိုး၊ ပျဉ်ခင်း၊ အုတ်ညှပ် နေအိမ်အပါအဝင် နေအိမ် (၂) လုံး မီးလောင်းကျွမ်းခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် မီးလောင်ကျွမ်းမှုအပေါ် အရေးယူဆောင်ရွက်နိုင်ရေး ချောင်းဆုံမြို့နယ် ကလွီနယ်မြေရဲစခန်းမှ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)