အမြို့မြို့အနယ်နယ်သတင်းများ

Jan 13,2026
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် တစ်စပ်တစ်ဆက်တည်းပဲတီစိမ်းဧက (၁၀၀၀) စိုက်ပျိုးထားသည့် ကတုံးပေါ်အလယ်ကျေးရွာ၊ ပစ်တိုင်းထောင်ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းတွင် ပဲတီစိမ်းများ စိုက်ပျိုးအောင်မြင်နေမှုအခြေအနေအား မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
Jan 13,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းတို့ကို ယနေ့နံနက် (၁၀)နာရီအချိန်က မူလတန်းလွန်ကျောင်း(ရွာသစ်ရပ်)၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 13,2026
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းများ မီးဘေးအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ ဇန်နဝါရီ ၁၂ ရက်နေ့က မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေး အကြံပြုစစ်ဆေးခြင်များ  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 13,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း-၃)ကို ကျင်းပမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၁)နာရီအချိန်က ရပ်ကွက်(၄)၊ ပေါက်တောရပ်၊ တပ်ရွာ၊ ဆင်စွယ်ရကျေးရွာနှင့် ထန်းရင်းကျေးရွာများရှိ ​မဲဆန္ဒရှင်ဒေသခံပြည်သူများအား ဖြန့်ဝေပေးခဲ့ကြသည်။
Jan 13,2026
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 13,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နောင်ကျော့အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို အဆိုပါကျောင်း၌ ယနေ့နံနက် ၉ နာရီ အချိန်ကကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက တို့ကျောင်းတော်တေးသီးချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။
Jan 13,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၇) မူလတန်းလွန်ကျောင်း၌ ဇန်နဝါရီ ၁၃ ရက် နေ့လယ် ၁၁ နာရီခွဲက ကျောင်းတွင်းအာဟာရကျွေးခြင်း လုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 13,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကာယ၊ ဉာဏ၊ စာရိတ္တ ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အမှတ် (၁၈) ရပ်ကွက်၊ စည်ပင်လမ်းရှိ အမှတ် (၂) အခြေခံပညာအထက်တန်း‌ကျောင်း နဝရတ်ခန်းမ၌ ကျင်းပကြောင်း သိရသည်။