ချောင်းဆုံမြို့နယ်၌ ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

ချောင်းဆုံ ဇန်နဝါရီ ၁၃

ချောင်းဆုံမြို့နယ်တွင် အရွယ်မတိုင်ခင် ကလေးသူငယ်များ လုပ်ငန်းခွင်သို့ ရောက်ရှိမှုမရှိစေရေးအတွက် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ဇန်နဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်းက ကုလားတို့ (အမက) ကျောင်းတွင်ပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦးခန့် တက်ရောက်သည်။

 အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဋ္ဌေးဋ္ဌေးနွယ်က အဖွင့်အမှာစကားပြောကြားကာ မြို့နယ် (ပြန်/ဆက်ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နွေးနွေးဦးက ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်အား ပြောကြားကာ ကလေးအလုပ်သမားနှင့် အလုပ်ချိန်ကန့်သတ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများဟောပြောခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ပေးရေး အကြောင်းသိကောင်းစရာများ၊ အငယ်တန်းစာရေး ဒေါ်အိအိထွေးက စာဖတ်ခြင်း အကျိုးကျေးဇူးများအကြောင်း အသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည်များကို ပြန်လည်ဖြေကြားကာ စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ကြောင်း သိရသည်။

ကိုကျော် (ချောင်းဆုံ)