ငါန်းဇွန်မြို့နယ် ဆီကုန်သည်ကြီးများအသင်းမှ ပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာ ရောင်းချ

ငါန်းဇွန်  ဇန်နဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန် မြို့ပေါ်()ရပ်ကွက်ရှိအိမ်ထောင်စုဝင်ပြည်သူများအား စားအုန်းဆီများကို အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ တစ်ပိဿာကျပ် (၃၀၀) နှုန်းဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ယနေ့နံနက် () နာရီကရောင်းချပေးသည်။       

မြို့နယ်အတွင်းရှိ ပြည်သူများစားသုံးရန်  တစ်ရက်လျှင်စားအုန်းဆီ ပိဿာ ၁၃၂၀ ခွဲတမ်းရရှိခဲ့ရာ မြို့နယ် ဆီလုပ်ငန်းရှင်ကြီးများအသင်းမှ မြို့ပေါ်ရပ်ကွက် ()ရပ်ကွက်မှ အိမ်ထောင်စုဝင်များအား တစ်အိမ်ထောင်လျှင်  စားအုန်းဆီတစ်ပိဿာ ကျပ် (၃၀၀) နှုန်းဖြင့် ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။ စားအုန်းဆီများကို မြို့ပေါ်ရှိ အိမ်ထောင်စုဝင် (၃၀၀၀) ကျော်အား ဖြန့်ဝေပေးရန်လျာထားခဲ့ပြီး  မြို့ပေါ်ဆီဆိုင်များဖြစ်သော ဦးသန့်ဇင်ဝင်း၊ ဦးဇော်လင်း၊ ဦးကျော်မင်း၊ ဦးကြည်စံ၊  ဦးကံသာ နှင့် ဒေါ်သန့်သန့်ဆီဆိုင်များမှ စားအုန်းဆီများ ဖြန့်ဝေရောင်းချခဲ့ရာ အိမ်ထောင်စုဝင်စုစုပေါင်း   (၂၂၀၀) လာရောက်ဝယ်ယူခဲ့ကြောင်း သိရသည်။ ထို့ပြင် မြို့နယ်ရှိဝန်ထမ်း ၁၁၀၀ နှင့် ပင်စင်စား(၄၀)ကိုလည်း လစဉ် စားအုန်းဆီများ ဖြန့်ဝေရောင်းချပေးလျှက်ရှိကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၊ ဆီလုပ်ငန်းရှင်များအသင်းမှ မြို့နယ်အတွင်း ဆီကိုယ်စားလှယ် (၁၁၅) ဦးထံသို့လည်း တစ်ဦးလျှင် တစ်လလျှင်(၄၀) ပိဿာခန့်ကို စားအုန်းဆီတစ်ပိဿာ ကျပ် ၃၀၀ နှုန်းဖြင့် ဖြန့်ဝေပေးလျှက်ရှိကြောင်းသိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)