အမြို့မြို့အနယ်နယ်သတင်းများ

Jan 16,2026
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ပြည်ကြီးမဏ္ဍိုင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက အခြေခံပညာအလယ်တန်းကျောင်း(ပြည်ကြီးမဏ္ဍိုင်)တွင် ကျင်းပသည်။
Jan 16,2026
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်ရှိ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (မန္တလေး)၌ ယနေ့နံနက်ပိုင်းက မြတ်ရတနာခန်းမတွင် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် ပထမနှစ်သင်တန်း ကျောင်းသား ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပသည်။
Jan 16,2026
ကရင်ပြည်နယ် ဘားအံမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ သမဝါယမကဏ္ဍမှမိုးစပါး စိုက်ပျိုးရေး စီမံကိန်းတွင်ပါဝင်ဆောင်ရွက်သည့် နတ်ကျွန်းကျေးရွာအုပ်စု၊ရွှေတောကျေးရွာရှိ သက်စမ်းရေ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းက အသင်းအချင်းချင်း ပံ့ပိုးငွေဖြင့် မျိုးနှင့်သွင်းအားစုများပံ့ပိုး၍ စိုက်ပျိုးထားသော အသင်းသားတောင်သူ(၁၉)ဦး၏ အောင်နိုင်တိုး မိုးစပါးစိုက်ဧက(၃၀)နှင့် မှော်ဘီ-၃ မိုးစပါး စိုက်ဧက (၂၀)တို့အား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် စပါးရိတ်သိမ်းရာ  တစ်ဧကလျှင် စပါးအထွက်နှုန်း ၁၀၂ တင်းထွက်ရှိကြောင်း သိရသည်။
Jan 16,2026
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့ဝင်များ ဇန်နဝါရီ ၁၅ ရက်က စစ်တွေမြို့နယ်၊ မှန်စီကျေးရွာရှိ စီမံခန့်ခွဲမှုအဖွဲ့ရုံး၌ မှန်စီကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများ၊ IDP စခန်းများမှ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးနေမှုကို ကြည့်ရှုအားပေးပြီး ဘာသာရေး‌ခေါင်းဆောင်များနှင့် တွေ့ဆုံသည်။
Jan 15,2026
သန်လျင်ခရိုင် သန်လျင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးလိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ဆောင်ရွက်ခဲ့သည်။
Jan 15,2026
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ကလေးများအား ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့ကြသည်။
Jan 15,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို  ယမန်နေ့ နေ့လယ်ပိုင်းက အ.မ.က (ကျီးချောင်း)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 15,2026
သန်လျင်ခရိုင်၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ခရိုင်အဆင့် လူရည်ချွန် ရွေးချယ်ပွဲကို ယမန်နေ့ နံနက် (၉) နာရီတွင် သန်လျင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။