Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဗဟန်းမြို့နယ်၌သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်
May 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်ဗဟန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မေလ ၂၈ ရက်နေ့ နံနက် ၇ နာရီ မှစတင်ကာကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ ငါးထပ်ကြီး တောင်ရပ်ကွက်အတွင်းသွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ဧက ၃၄၀၀၀ ကျော်စိုက်ပျိုးမည်
May 29,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ဧက ၃၄၀၀၀ ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ စစ်ဆေးကုသခွဲစိတ်ပေးနေသည့် မလေးရှားနိုင်ငံ ဆေးကုသမှုအ…
May 29,2025
စစ်ကိုင်းမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မူများ စစ်ဆေးကုသခွဲစိတ်ပေးနေသည့် မလေးရှားနိုင်ငံဆေးကုသမှုအဖွဲ့အား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပွဲကို ကျင်းပပြုလုပ်ရာ ဂုဏ်ပြုနေ့လည်စာစားပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မလေးရှားနိုင်ငံ စစ်သံမှူး၊ ဆေးကုသရေးအဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားဆောင်ရွက်မှုနှင့် ကျောင်းအပ်နှံမှုအား ကြည့်ရှုအားပေး
May 29,2025
မွန်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတိုးတက်စေရေးနှင့် ပြည်သူများ၊ ကျောင်းသား/သူများ စာပေဖတ်ရှုသည့် အလေ့အထဖြစ်ပေါ်စေရန်၊ စာကြည့်တိုက်ယဥ်ကျေးမှုထွန်းကားလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားဆောင်ရွက်မှုအား လစဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မုဒုံမြို့နယ် ဘဲရမ်းကျေးရွာရှိ ပညာပျိုးခင်းစာကြည့်တိုက်နှင့် မုဒုံမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ သုတရတနာစာကြည့်တိုက်တို့၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုလိုက်လံကြည့်ရှု
May 29,2025
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် ယမန်နေ့နံနက်ပိုင်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇမဏီစူဠာ ကောင်းမူတော်စေတီတော်ကြီးသို့ရောက်ရှိရာ စေတီတော်ကြီးအား ကြံ့ခိုင်မှုများပြန် လည်စစ်ဆေးရန်အတွက် စက်ယန္တယားများဖြင့် လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် စေတီတော်ကြီးမြောက်ဘက်မုဒ်ရှိ မေတ္တာကန်တော် ထိခိုက်ပျက်စီးမှုများအား လိုက်လံ ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မုန်တိုင်းဘေးနှင့်ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်
May 29,2025
မွန်ပြည်နယ် ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနသည် မုန်းတိုင်ဘေးနှင့် ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ် မီးသတ်ဦးစီးဌာနရူံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
May 29,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့ရက် နံနက် ၈ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ လူနာစောင့်များနားနေဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေကြည်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သောင်ကြီးကျေးရွာ အုပ်စုရှိဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ပျက်စီး…
May 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ယမန်နေ့မွန်းလွှဲ(၂)နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် သောင်ကြီးကျေးရွာအုပ်စု ဝါသလကျေးရွာ(အ.မ.က-ဝါသလ) စာသင်ကျောင်း(၃၀ ပေ × ၆၀ ပေ)၊ အုတ်ညှပ်သွပ်မိုး ကျောင်းဆောင်သည် အမိုးလန်မှုဖြစ်ပွားခြင်း၊ ကျောင်းဆိုင်းဘုတ် ပြုတ်ကျခြင်းများ ဖြစ်ပွားခြင်းနှင့် သီရိမင်္ဂလာတိုက်သစ်ကျောင်း (၄၅ ပေ × ၁၂၀ ပေ) အုတ်ညှပ်၊ သွပ်မိုး၊ ပျဉ်ခင်း ကျောင်းဆောင်အမိုးလန်မှုဖြစ်ပွားခဲ့ပြီး သောင်ကြီးကျေးရွာရှိ ဦးသာလွန်၊ ဦးလှသိန်း၊ ဦးဇော်လင်း၊ ဦးရှိုင်းသူ၊ လူနေအိမ်(၄)လုံးတစ်စိတ်တစ်ပိုင်း ပြိုကျပျက်စီးခဲ့ပြီး ချောင်းဝကျေးရွာရှိ ဦးပေါက်စ၊ ဦးရဲစည်သူ၏နေအိမ်(လုံးဝပျက်စီး)၊ ဦးဝင်းထွန်း၊ ဦးသစ်လွင်၊ ဦးသောင်းထူး၊ ဦးကျော်ကျော်၊ ဦးမောင်မောင်ညွန့်၏နေအိမ် (တစ်စိတ်တစ်ပိုင်းပျက်စီး)ပြီးစုစုပေါင်းနေအိမ် (၁၁)လုံး ပျက်စီး ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1516
Page
1517
Page
1518
Page
1519
Current page
1520
Page
1521
Page
1522
Page
1523
Page
1524
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department