Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မလှိုင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းပျော်ရွှင်စွာလာရောက်မဲပေးလျက်ရှိ
Jan 25,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မလှိုင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ယနေ့နံနက် (၆)နာရီမှစတင်၍ မြို့နယ်တွင်းရှိမဲရုံ(၆၄)ရုံတို့တွင် မဲဆန္ဒရှင်ပြည်သူများက အေးချမ်းစွာ လာရောက်ဆန္ဒမဲပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံမြို့နယ် မဲဆန္ဒရှင်ပြည်သူများ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃)တွင် ဆန္ဒမဲပေး
Jan 25,2026
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ရပ်ကွက်/ကျေးရွာများတွင် ဖွင့်လှစ်ထားရှိသည့် မဲရုံများတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃)ကို ဇန်နဝါရီ ၂၅ ရက်နံနက် ၆ နာရီက စတင်ကာ ဆန္ဒမဲများပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်မိသားစုဝင်များရေကြည်မြို့နယ်၌ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)တွင် ပါဝင်ဆန္ဒမဲပေး
Jan 25,2026
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင်၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ယနေ့နံနက် (၆) နာရီမှ စတင်ကျင်းပလျှက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်မိသားစုဝင်များကအောင်ဆန်းရပ်ကွက်ဘုရားကြီးကုန်း အခြေခံပညာမူလတန်းကျောင်း မဲရုံအမှတ် (၁)၌ ပါဝင်မဲပေးသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပမည့် သာကေတမြို့နယ်အတွင်းရှိ မဲရုံများအား ကြည့်ရှုစစ…
Jan 24,2026
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး သည် အဖွဲ့ဝင်ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးအောင်စောဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နေ့လယ်ပိုင်းက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပမည့် သာကေတမြို့နယ်အတွင်းရှိ မဲရုံများအား ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ကမာရွတ်မြို့နယ်ရှိ ရန်ကုန်တက္ကသိုလ်ဝင်း သန့်ရှင်းရေး ဆောင်ရွက်
Jan 24,2026
ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်ခရိုင်၊ကမာရွတ်မြို့နယ်တွင် ယနေ့နံနက် ၇ နာရီမှစတင်၍ ကမာရွတ်မြို့နယ် အမှတ်(၉)ရပ်ကွက် ရန်ကုန်တက္ကသိုလ်ဝင်း သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏စီမံမှုဖြင့် တက္ကသိုလ်ဝင်းအတွင်းရှိ သိပ္ပံဆောင်တွင် စနေနေ့အထူးသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းစာကြည့်တိုက်များ ဖွံဖြိုးရေးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် အမြဲမပျက်လေ့လာသင်ယူရေးစကားဝိုင်း (Never Stop Learing Talk Show) နှ…
Jan 24,2026
ကျောင်းစာကြည့်တိုက်များ ဖွံဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ကျောင်းသူလူငယ်များ စာအုပ်စာပေကို လေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှု့ခြင်းမှ ရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချ မျှဝေတက်စေရန်၊ စာဖတ်သည့်အလေ့အထကောင်းများ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိပြီး ထူးခွန်ထက်မြတ်သည့် နိုင်ငံသားကောင်းရတနာ ဖြစ်လာစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် အမြဲမပျက် လေ့လာသင်ယူရေးစကားဝိုင်း (Never Stop Learning Talk Show) ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ပန်းချီ/ပိုစတာပြိုင်ပွဲများကို ဇန်နဝါရီ ၂၂ ရက်နေ့က တောင်တွင်းကြီးမြို့နယ်၊ အမှတ် (၄) အခြေခံပညာအထက်တန်း ကျောင်း(မိုးထိ)၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)သို့ လာရောက်လေ့လာကြမည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ရန်ကုန်မြို့သို့ ရောက်ရှိ
Jan 24,2026
ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း (၃) သို့ လာရောက်လေ့လာကြမည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများသည် လေကြောင်းခရီးစဉ်များဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာကြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ ပြည်ထောင်စုလမ်း ရထားသံလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမ…
Jan 24,2026
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့အား မြို့အင်္ဂါအရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်သာယာလှပစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ရပ်ကွက်နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်ရေးအတွက် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ စိန်ပန်းဝါလမ်းမှ စိန်ပန်းပြာလမ်းအထိ ပြည်ထောင်စုလမ်းရထားသံလမ်းတစ်လျှောက်အား မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၅၀၀ ဦးကျော်ဖြင့် စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1516
Page
1517
Page
1518
Page
1519
Current page
1520
Page
1521
Page
1522
Page
1523
Page
1524
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department