ရန်ကုန် ဇန်နဝါရီ ၁၅
သန်လျင်ခရိုင် သန်လျင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးလိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် သန်လျင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဝင်းဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးသတိမူရေးနှင့် စက်သုံးဆီဆိုင်များရှိ မီးသတ်ဆေးဘူးများ သက်တမ်းလွန်မှု ရှိ/မရှိနှင့် ဝန်ထမ်းများအား မီးသတ်ဆေးဘူးများ လက်တွေ့အသုံးပြုတတ်စေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုများကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ဖြိုးသီဟ