သန်လျင်မြို့ ကလေးစာဖတ်ခန်း၌ ကလေးများအား ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

ရန်ကုန် ဇန်နဝါရီ ၁

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ကလေးများအား ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ သန်လျင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်စမ်းစမ်းစိမ့်က ပြိုင်ပွဲပြုလုပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး ကလေးများအား စာဖတ်ပြခြင်း၊ ကဗျာရွတ်ပြခြင်းနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ဖို့ စက္ကူခေါက်နည်းနှင့် ဂိမ်းကစားခြင်းများ ပြုလုပ်ပေးရာ ရေနံအခြေခံပညာမူလတန်း (လွန်) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ပျော်ရွှင်စွာ ဂိမ်းကစားခဲ့ကြသည်။

သန်လျင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စိတ်ပျော်ရွှင်ကြည်နူးစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်လာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲများ၊နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖြိုးသီဟ