အမြို့မြို့အနယ်နယ်သတင်းများ

May 29,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အခြေခံပညာမူလတန်းကျောင်း (မြို့တွင်းရပ်) ရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ (၇၀ပေ×၃၀ပေ) RCC နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီ က အဆိုပါ ကျောင်း၌ ကျင်းပသည်။
May 29,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မြန်မာ့ရိုးရာအမွေအနှစ်တစ်ခုဖြစ်သည့် သနပ်ခါးများ ပြည်တွင်းဈေးကွက်ခိုင်မာမှုကြောင့်  အရောင်းအဝယ်ပုံမှန်လည်ပတ်လျက်ရှိကြောင်း မြို့ပေါ်ရှိ ရွှေရည်ဝင်းသနပ်ခါးလက်လီလက်ကားပွဲရုံမှ သိရသည်။
May 29,2025
(၄၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့အထိမ်းအမှတ်အနေဖြင့်  ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် အမျိုးသားပြတိုက်(ရန်ကုန်)တို့ ပူးပေါင်းကျင်းပသည့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေးဟောပြောပွဲ အခမ်းအနားကို  မေလ ၂၇ ရက်နေ့ နံနက်ပိုင်းက အမျိုးသားပြတိုက်(ရန်ကုန်) ပထမထပ်၊ ဘက်စုံခန်းမတွင်ကျင်းပသည်။
May 29,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အဆင့်မြင့်ပညာနှင့် အခြေခံပညာကျောင်းများသို့ တက်ရောက်ကြမည့် ပြည်နယ်အစိုးရအဖွဲ့ရုံး ဝန်ထမ်းမိသားစုများမှ ကျောင်းသား၊ ကျောင်းသူများနှင့် မဟာဘွဲ့သင်တန်းနှင့် အဝေးသင်သင်တန်းများသို့ တက်ရောက်နေသည့်ဝန်ထမ်းများအား ပြည်နယ်အစိုးရအဖွဲ့က ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများနှင့် ချီးမြှင့်ငွေများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)တွင် ကျင်းပပြုလုပ်သည်။
May 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ မြို့နယ်ကျက်သရေဆောင်သုံးထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီး ရေစက်သွန်းချခြင်း အလှူတော်မင်္ဂလာ အခမ်းအနားကို မေလ ၂၇ ရက်နေ့ နံနက်ပိုင်းက အဆိုပါ ဗိမာန်တော်ကြီးတွင် ကျင်းပသည်။
May 29,2025
ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီ (အကြို) သစ်ပင်စိုက်ပွဲတော်အခမ်းအနားကို ‌ယနေ့နံနက်ပိုင်းက လေးကြီးကျေးရွာတွင် ကျင်းပပြုလုပ်သည်။
May 29,2025
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ဆောင်ရွက်သည်။