သန်လျင်ခရိုင်၌ ခရိုင်အဆင့် လူရည်ချွန် စစ်ဆေးရွေးချယ်

ရန်ကုန် ဇန်နဝါရီ ၁

သန်လျင်ခရိုင်၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ခရိုင်အဆင့် လူရည်ချွန် ရွေးချယ်ပွဲကို ယမန်နေ့ နံနက် (၉) နာရီတွင် သန်လျင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါခရိုင်အဆင့် လူရည်ချွန်ရွေးချယ်ပွဲ (ပထမ) နေ့ ဖြေဆိုရာသို့ ခရိုင်ပညာရေးမှူး ဦးစိုးနိုင်နှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးကြသည်။

ယင်းခရိုင်အဆင့် လူရည်ချွန်ရေးဖြေ (ပထမ) နေ့တွင် သန်လျင်ခရိုင်အတွင်းရှိ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်းမြို့နယ်များမှ ကျောင်းသား၊ ကျောင်းသူ (၁၂) ဦးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဖြိုးသီဟ