အမြို့မြို့အနယ်နယ်သတင်းများ

Jun 03,2025
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စုများအလိုက် မေလ(၁၉)ရက်နေ့မှစတင်၍ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
Jun 03,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ကျန်းမာရေးဦးစီးဌာနမှ အဘိတ်(Abate) ဆေးခပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း၌ ဘောဂဝတီရပ်ကွက်အတွင်း ဆက်လက်ဆောင်ရွက်ခဲ့သည်။
Jun 03,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဝန်ထမ်းနှင့် ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၃ ရက်နေ့နံနက် ၉ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 03,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သော မိတ္ထီလာမြို့ မိတ္ထီလာ(တောင်ကန်) ကန်ပေါင်လမ်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Jun 03,2025
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ကြပြီး ကျောင်းစတင်ဖွင့်လှစ်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ KG မှ Grade-12 ကျောင်းသား/သူများအား သင်ကြားသင်ယူဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုအားပေးကြကြောင်း သိရသည်။
Jun 03,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ပြည်သူများ ရေဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ရေကြီးခြင်းများဖြစ်ပေါ်လာပါက လုပ်ဆောင်ရမည့်အချက်များ၊ ရှောင်ရန်အချက်များကို သိရှိစေရန်အတွက် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဌာနဆိုင်ရာအဖွဲ့များ ပူးပေါင်းကာ ယနေ့နံနက် ၉ နာရီအချိန်က လူစည်ကားရာနေရာများဖြစ်သည့် မြို့မဈေးနှင့် ပြည်သူ့ဆေးရုံကြီးအရှေ့ရှိ လမ်းဆုံနှင့် မြန်မာ့ဆက်သွယ်ရေးရုံးအရှေ့ လမ်းဆုံနေရာတို့တွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 03,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့ ယနေ့နံနက်ပိုင်းမှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖွင့်လှစ်နေပြီဖြစ်ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၏ စတင်ဖွင့်လှစ်သင်ကြားပို့ချပေးနေမှုများနှင့် ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှု အခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
Jun 03,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာပြည်သူမျာအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။