Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြောင်းမြမြို့နယ်တွင် လေပြင်းဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းရန်ပုံငွေနှင့် စားနပ်ရိက္ခာရန်ပုံငွေများပေးအပ်
May 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက လေပြင်းဘေးသင့် ပြည်သူများအား အိမ်ဆောက်ပစ္စည်းရန်ပုံငွေနှင့် စားနပ်ရိက္ခာရန်ပုံံငွေများအား ယမန်နေ့နံနက် (၁၁) နာရီအချိန်က ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့နယ်၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲကျင်းပ
May 30,2025
ဒေသခံပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့်မျက်စိပသာဒအကျိုးများရရှိစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့ အထက(၁)ကျောင်းဝင်း၌ ယနေ့ နံနက် ၈ နာရီခွဲက မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တောဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနား တက်ရောက်ခြင်းနှင့် စစ်ကိ…
May 30,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ အသင်္ခရာရိပ်သာ ဧည့်ခန်းမတွင် ကျင်းပပြုလုပ်ရာ အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစား (၇၀)ကီလိုတန်းတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့လ…
May 30,2025
၂၀၂၅ ခုနှစ်၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစား (၇၀)ကီလိုတန်းတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်အဖြစ် ရွေးချယ်ခံရသောကချင်ပြည်နယ်မှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားသမား မောင်မောင်စိုင်းအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ယမန်နေ့ ညနေ ၃ နာရီက မေခခန်းမ၌အခမ်းအနားဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ပြုပြင်မွမ်းမံမှုလုပ်ငန်းများ အချိန်မီပြီးစီးရေး ကျွမ်းကျင်ပညာရှင်များ၊ စက်ယန္တယားကြီးများဖြင့် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်…
May 30,2025
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား စံကျောင်းတော်နှင့် ရင်ပြင်တော်၊ ကရဝိတ်ဖောင်တော်တို့သည် မတ်လ(၂၈)ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ဘုရားဖူးလာပြည်သူများ ထိခိုက်မှုများ မဖြစ်ပေါ်စေရေးအတွက် ဘုရာဂေါပကအဖွဲ့မှ စံကျောင်းတော်အတွင်း ဝင်ရောက်ဖူးမြော်ကြည်ညို ခွင့်ကို ယာယီရပ်နားထားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဝန်ထမ်းမိသားစု သား/သမီးများအား ပညာသင်ဆုကြေးနှင့် သင်ထောက်ကူပစ္စည်းများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 30,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ဝန်ထမ်းမိသားစု သား/သမီးများအား ပညာသင်ဆုကြေးနှင့် သင်ထောက်ကူ ပစ္စည်းများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့၌ အငယ်တန်း၊အလွတ်တန်း အမျိုးသားအမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
May 30,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ မျိုးဆက်သစ်ကြက်တောင်အားကစားသမားများပေါ်ထွက်လာစေရန်ရည်ရွယ်၌ အငယ်တန်း၊ အလွတ်တန်း အမျိုးသားအမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ညက ရွှေဘုံသာရပ်ကွက်ရှိ အားကစားခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်
May 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနက ကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တော၊ သစ်ပင်တန်ဖိုးများအား အလေးထားနိုင်စေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအား ယမန်နေ့ နံနက်ပိုင်းက ကျောင်းကွင်းကျေးရွာအုပ်စုရှိ ဖားအောက်တောရဝန်းအတွင်း ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1513
Page
1514
Page
1515
Page
1516
Current page
1517
Page
1518
Page
1519
Page
1520
Page
1521
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department