အမြို့မြို့အနယ်နယ်သတင်းများ

Jun 01,2025
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏  တည်ဆဲဥပဒေများနှင့်အညီ အခွန်အမျိုးအစားအလိုက် အခွန်ကဏ္ဍတစ်ရပ်ချင်းစီအလိုက်  အခွန်ပညာပေးရှင်းလင်းဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက  ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၆)ရှိ  စုပေါင်းရုံးအစည်းအဝေးခန်းမဆောင်၌  ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် အခွန်ထမ်းလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
Jun 01,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား နွေရာသီ ဘင်ခရာသင်တန်းကို ဧပြီလ ၂၉ ရက်နေ့မှစတင်၍ တစ်လအကြာဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ မေလ ၃၁ ရက်နေ့တွင် သင်တန်းဆင်းပွဲကို မေလ ၃၁ ရက်နေ့ နံနက် ၁၀  နာရီအချိန်က အ.ထ.က ကျွန်းစုကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။
Jun 01,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 01,2025
ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့မစျေးတောင်ဘက်အပေါက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စားသောက်ကုန်ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ပြည်သူများထံသို့ ရောင်းချပေးခြင်းကို ယနေ့နံနက် (၇)နာရီအချိန်က ရောင်းချပေးခဲ့ကြောင်း သိရသည်။
Jun 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၌ မေလ ၃၀ ရက်နေ့မွန်းလွဲ ၂နာရီက မြန်မာနိုင်ငံလုံးဆိုင်ရာ ဒွါဒသမအကြိမ် ဗဟိုအဆင့်သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲတွင် ဆုရကျောင်းသား/ကျောင်းသူများအား မြို့အတွင်းသို့ လှည့်လည်ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
Jun 01,2025
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ခရိုင်/မြို့နယ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ (၃၁)ရက် နံနက်(၈)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။
Jun 01,2025
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မလိခမြစ်ရေ(၁၅၇၄)စင်တီမီတာထိမြင့်တက်ခဲ့သည်။မလိခမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ(၁၂၀၀)စင်တီမီတာသတ်မှတ်ထားရာ စိုးရိမ်ရေမှတ်အထက် (၃၇၄)စင်တီမီတာမြင့်တက်ခဲ့ပြီး မချမ်းဘောမြို့မြို့ပေါ်အမှတ်(၄)ရပ်ကွက်နှင့် မချမ်းဘော- နမ်ခမ်-ကောင်းမှုလုံလမ်းမပေါ်သို့ မြစ်ရေ၃ပေခန့် ကျော်တက်မှုဖြစ်ပွားခဲ့ရာ မြေနိမ့်ပိုင်း လူနေအိမ်၂လုံးနှင့် ရဝမ်ရိုးရာစာပေနှင့်ယဥ်ကျေးမှုရုံး၁လုံး၊ စုစုပေါင်းအဆောက်အအုံ ၃လုံး ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။