Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးမျိုးအောင် ပဲခူးမြို့ပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ) တန်းစာမေးပွဲ ဖြေဆိုတော်မူကြသော သံဃာတော်များနှင့် သီလရှင်မျာ…
Jun 04,2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ)တန်းစာမေးပွဲကို ဇွန်လ ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံ၊ မြင်းကျားဓမ္မာရုံနှင့် ဗုဒ္ဓအသံဓမ္မဗိမာန်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးမျိုးအောင် သွားရောက်ကြည်ညိုသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jun 04,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ လဲလူးအိုင်ကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်နှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရောင်းချရသော ဆိုင်များတွင် အခွန်ဆိုင်ရာ အသိပညာပေး ဗီနိုင်းချိတ်ဆွဲ
Jun 04,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရောင်းချရ သောဆိုင်များတွင် အခွန်ဆိုင်ရာအသိပေးကြေညာချက်နှင့် ပတ်သက်၍ အများပြည်သူသိရှိနိုင်ရေး အသိပေးကြေညာချက် ဗီနိုင်းချိတ်ဆွဲခြင်းကို ဇွန်လ ၂ ရက်နေ့ နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်တွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 04,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပြည်သူများ ရေဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိစေရန်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ဌာနဆိုင်ရာအဖွဲ့များပူးပေါင်း၍ ယနေ့နံနက် ၈ နာရီက စျေးအနီးလမ်းဆုံနှင့် ဧရာဝတီမြစ်ကမ်းဘေး စျေးရောင်းစျေးဝယ်သူများထံသို့ သွားရောက်၍ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ လျှပ်စစ်မီးသုံးစွဲရာ၌ မီတာယူနစ်များမှန်ကန်စေရေး ကွင်းဆင်းစစ်ဆေး
Jun 04,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးက မြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်မီးသုံးစွဲရာ၌ မီတာယူနစ်များ မှန်ကန်မှုရှိစေရန်နှင့် မီတာပိုဖတ်/ လိုဖတ်ခြင်းများ မဖြစ်ပေါ်စေရန်အတွက် ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် အစုအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းအစည်းအဝေးနှင့် MSME လုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန…
Jun 04,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးမှုများနှင့်စပ်လျဉ်း၍ ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂ ရက်နေ့ ညနေပိုင်းက နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်၌ အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး ကွင်းဆင်းကြည့်ရှု
Jun 04,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း အမဲ၊ ဝက်၊ ဆိတ်သားရောင်းချသည့် ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ်၌ သက်ကြီးရွယ်အိုစောင့်ရှောက်မှု အစီအစဥ်ဖြင့် ဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်ပေး
Jun 04,2025
ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးခရိုင်၊လှည်းကူးမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် သက်ကြီးရွယ်အိုစောင့်ရှောက်မှုအစီအစဥ်နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ လှည်းကူးမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုဘိုးဘွားများအားအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ အခမဲ့ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1494
Page
1495
Page
1496
Page
1497
Current page
1498
Page
1499
Page
1500
Page
1501
Page
1502
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department