အမြို့မြို့အနယ်နယ်သတင်းများ

Jan 18,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ  ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ကျင်းပလျက်ရှိရာ စာရေးဆရာမ အေးအေးနွဲ့ (မြန်မာစာ) ရေးသားထားသည့် “ကြယ်တစ်စင်း၏ အလင်းရောင်အက်ဆေးများ” စာအုပ်ကို ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၂ နာရီက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင် ကျင်းပသည်။
Jan 18,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)၏ ၁၅ ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့နံနက်က သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
Jan 18,2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်များအသင်း (Youth Club) တို့ ပူးပေါင်း၍ စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင် ရေးသားသည့် “တပြည်သူမရွှေထား” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ်ပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 18,2026
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်တွင် ရွေးကောက်ပွဲအပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် ယမန်နေ့နေ့လယ် (၁) နာရီ၌ အမှတ် (၅) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက်အတွင်းရှိ ရွေးကောက်ပွဲကျင်းပပြုလုပ်မည့် အခြေခံပညာအထက်တန်းကျောင်း အမှတ် (၄)၊ အမှတ် (၁) နှင့် အခြေခံ ပညာမူလွန်တန်းအမှတ် (၁၉) စာသင်ကျောင်းများရှိ မဲရုံများသို့ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ တာ၀န်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိသည်။
Jan 18,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်အစိုးရအဖွဲ့၀င်၀န်ကြီးများသည် ယနေ့နေ့လယ် (၁၂) နာရီက မြောက်ဥက္ကလာပမြို့နယ်အတွင်း ရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာ တာ၀န်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
Jan 18,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီရဲမိုးနှင့်တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
Jan 18,2026
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်တာဝန်ရှိသူများသည် မြစ်သားမြို့နယ်အတွင်းရှိ ပါတီစုံဒီမိုကရေစီအထွေ‌ထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ကျင်းပမည့်မဲရုံများ၏ ပြင်ဆင်ထားရှိမှု အခြေအနေများအား ဇန်နဝါရီ ၁၇ ရက် နံနက် ၈ နာရီ အချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 18,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီး ၀န်ကြီးများက ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများအား တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။