သဲကုန်း ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၂၅) ရက်နေ့တွင် လွတ်လပ်၍ တရားမျှတသောပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ (အပိုင်း-၃) ကို ကျင်းပမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် တိုင်းရင်းသားဘာသာ ၅ မျိုးဖြင့်ပြန်ဆိုထားသည့် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသ ဆောင်ရွက်ခြင်းက်ို ယနေ့နံနက်(၁၀) နာရီအချိန်က တလိုင်းကုန်ကျေးရွာနှင့် သန္ဓေကုန်းကျေးရွာတို့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့" စသည့်အကြောင်းအရာများကို တိုင်းရင်းသားဘာသာ ၅ မျိုးဖြင့်ပြန်ဆိုထားသည့် လက်ကမ်းစာစောင်များအား အဆိုပါကျေးရွာများရှိ မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဖြန့်ဝေပေးခဲ့ကြပြီး၊ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် သတိပြုလိုက်နာရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များနှင့် MEVM မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးပုံ လုပ်ငန်းအဆင့်ဆင့်၊ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်ပါ အကြောင်းအရာများပါရှိသော အသိပညာပေးနံရံကပ်စာစောင်အား ပြည်သူများမှစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
သဲကုန်းမြို့နယ်တွင် ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်မှ အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း (၅)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)