Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဖားကန့်မြို့နယ်တွင် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေး
Jan 19,2026
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အနေဖြင့် ကျင်းပမည့်နေ့တွင် မဲရုံသို့ မလာရောက်နိုင်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီလ(၁၆) ရက်နံနက်ပိုင်မှစတင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးအခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်အတွင်းရှိ KG ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်
Jan 19,2026
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနသည် KG ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးခရိုင်၊ ပြည်သူ့စာကြည့်တိုက်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး စာဖတ်ဝိုင်းနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ
Jan 19,2026
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ယနေ့ နံနက် ၁၀ နာရီက ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို)အဖြစ် အသိပညာပေး စာဖတ်ဝိုင်းနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ (၁၉)ကြိမ်မြောက်အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်၊ မန်ခိန်နယ်မြေ ၁၂ အတွင်းရှိ ယာယီတိမ…
Jan 19,2026
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ (၁၉)ကြိမ်မြောက်အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အပ်နှင်းခြင်းအခမ်းအနားကို Polytechnic University (မြစ်ကြီးနား)၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့၌ အထ.က(၂) ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ ငွေရတု အထိမ်းအမှတ် (၂၅) ကြိမ်မြောက် မြတ်ဆရာပူဇော်ကန်တော့ပွဲကျင်းပ
Jan 19,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်တောင်ရပ်ကွက်၊ အ.ထ.က(၂) ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ ငွေရတုအထိမ်းအမှတ် (၂၅)ကြိမ်မြောက် မြတ်ဆရာပူဇော် ကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုကျောင်း၌ ကျင်းပခဲ့ရာ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကြိုတင်ဆန္ဒမဲပေးခြင်း ဆောင်ရွက်
Jan 19,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၂၅ ရက်တွင် မြစ်သားမြို့နယ်၌ ကျင်းပသွားမည်ဖြစ်ရာ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေးနှင့် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်စေရေးအတွက် ကြိုတင်ဆန္ဒမဲပေးခြင်း ကို ဇန်နဝါရီ ၁၈ ရက်မှ စတင်၍ သက်ဆိုင်ရာမဲရုံများ တွင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုအသက်(၂၅)နှစ်အောက်အမျိုးသား ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 19,2026
၂၀၂၆ခုနှစ် ကျောင်းကုန်းမြို့နယ်အား ကစားနှင့်ကာယပညာကော်မတီမှ ကျင်းပပြုလုပ်သော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅) နှစ်အောက် ရပ်ကွက်/တိုက်နယ် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့မ အားကစားကွင်း၌ ယမန်နေ့မွန်းလွဲ ၂း၃၀ နာရီအ ချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jan 19,2026
တနင်္သာရီတိုင်းဒေသကြီး၊ ကရသူရိမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် အသိပညာပေး ဟောပြောခြင်းကို ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1490
Page
1491
Page
1492
Page
1493
Current page
1494
Page
1495
Page
1496
Page
1497
Page
1498
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department