အမြို့မြို့အနယ်နယ်သတင်းများ

Jan 19,2026
အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် စစ်တုရင်ပြိုင်ပွဲ (အမျိုးသား၊အမျိုးသမီး၊ ကြက်တောင်ရိုက်ပြိုင်ပွဲ(အမျိုးသား၊အမျိုးသမီး)၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ(အမျိုးသား)၊ ဘော်လီဘောပြိုင်ပွဲ(အမျိုးသား၊၊အမျိုးသမီး) စသည့် အားကစားပြိုင်ပွဲများအလိုက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် နံနက် ၈ နာရီက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၁ ၌ ကျင်းပသည်။
Jan 19,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်ခရိုင်၊ သဲကုန်းမြို့နယ်တွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေရန် နည်းပညာဖြန့်ဖြူးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ (၁၇) ရက်နေ့က ခေတ်မီစံပြကျေးရွာထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (Smart Village) အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ ကြို့ရပ်သာကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
Jan 19,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့်  ဆန်၊ စပါးကို အဓိထားစိုက်ပျိုးကြပြီး  ကာလတို ဟင်းသီး၊ ဟင်းရွက်ပင်များနှင့် ဥယာဉ်ခြံမြေများတွင် သီးပင်စားပင်များ စိုက်ပျိုးထားရှိရာ သင်တောင်းကျေးရွာ၌ ကီလိုမာလကာပင်များ စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းပြီး ခူးဆွတ်ရောင်းချနေရသည့်အတွက်  မိသားစုအပိုဝင်များရရှိပြီး စားဝတ်နေရေး ဆင်ပြေလျက်ရှိကြောင်း သိရသည်။
Jan 19,2026
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်ရှိ မြို့မအရှေ့ကျောင်းတိုက်၌ (၃၉) ကြိမ်မြောက် အသက်(၈၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲကို ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က အဆိုပါကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 19,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ပဲသီးနှံမျိုးစုံ စိုက်ပျိုးကြရာ တောင်တော်ကျေးရွာ၌ တောင်သူ ဦးသာဟန်စိုက်ပျိုးထားသော ပဲစင်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Jan 19,2026
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ အ.ထ.က(မတ္တရာ)တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 19,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြက်လာစေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နေ့လယ် ၁၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 19,2026
ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းသည် ညောင်ရွှေမြို့နယ်  အင်းလေးဒေသထွက်ကုန်တစ်ခုဖြစ်သော ကြသင်္ကန်း၊ ကြာခြည်ထည်များရက်လုပ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သည့် ပဒုမ္မာကြာပင်စိုက်ပျိုးရန်အတွက် အင်းလေးကန်အတွင်းရှိ အင်းပေါခုန်ကျေးရွာ၌ ကြာကန်တူးဖော် နေမှုလုပ်ငန်းကို ဇန်နဝါရီ(၁၈)ရက် နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။