အမြို့မြို့အနယ်နယ်သတင်းများ

Jan 18,2026
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ ၁၇ ရက်၊ နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ နားသကျိုက်ကျေးရွာအနီးရှိ နမ့်ပငချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် “နမ့်ပင” အသေးစားရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက ဟုမ္မလင်း မြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများသို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးမည့် ချင်းတွင်းမြစ်အနောက် ဘက်ကမ်းတာမောင် ကျေးရွာအနီးရှိ ၆၆ ကေဗွီ တာဝါဒီဇိုင်း ဖြင့် ၃၃ ကေဗွီ “နမ့်ပင”-ဟုမ္မလင်း ဓာတ်အားလိုင်း မြစ်ကျော်တာဝါတိုင် အမှတ် - ၂၉၂ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကြသည်။
Jan 18,2026
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အတွင်းရှိ ကျေးရွာများသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
Jan 18,2026
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကချင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် Grade-12 သင်ကြားသင်ယူမှုထိရောက်ရေး မြစ်ကြီးနားတက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ ပါမောက္ခဌာနမှူးများနှင့် အခြေခံပညာအထက်တန်းအဆင့် ဆရာ၊ဆရာမများ၏ အရည်အသွေးမြှင့် ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Jan 18,2026
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး (ဒုတိယအကြိမ်) ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် အခြေခံပညာအထက်တန်း ကျောင်းများမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
Jan 18,2026
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကော့သောင်းခရိုင်အတွင်းရှိ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ကော့သောင်းမြို့ မဉ္ဇူသကခန်းမတွင် ကျင်းပခဲ့သည်။
Jan 18,2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ရာ မဲဆန္ဒရှင်ပြည် သူများ လွယ်လင့်တကူမဲပေးနိုင်‌စေရေးအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က အမှတ်(၁)ရပ်ကွက်ရှိ အမှတ် ၅ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အမှတ်(၂)ရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတို့၌ လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 18,2026
၂၀၂၆ ခုနှစ်၊ဇန်နဝါရီလ ၁၇ ရက်၊ညနေ ၃ နာရီအချိန်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ပုဂံဌာနခွဲရုံးရှိ အစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူး ဦးညီမွန်း ဦးဆောင်သော အရာထမ်း ၊ အမှုထမ်းများ ၊ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီဝင်များနှင့်အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ ၊ Archaeological Survey of India (ASI) မှ လာရောက်သည့် Director (၂) ဦးဖြစ်သော Mr. Sh Sundar Paul (Director, Conservation)နှင့် Dr.Manoj Kumar Bhatnagar (Director, Science, S & P)၊ပုဂံတွင်ရောက်ရှိ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်နေသည့် ASI အဖွဲ့မှ ပညာရှင် (၄)ဦးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
Jan 18,2026
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ကြီးမှူးကျင်းပသော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။