အမြို့မြို့အနယ်နယ်သတင်းများ

Dec 07,2022
မော်လမြိုင်မြို့နယ်၊ လူမှု၀န်ထမ်းဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ လူကုန်ကူးမှုအန္တရာယ်အကြောင်းအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Dec 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီမှ ကျင်းပသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မှော်ဝန်းရတနာခန်းမနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 07,2022
မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများ အသိပညာဗဟုသုတကြွယ်ဝစေရန် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာမှု ပိုမိုတိုးပွား စေရန် စာအုပ်စာပေများနှင့်ရင်းနှီးကျွမ်းဝင်၍ ပြင်ပဗဟုသုတများ ရရှိနိုင်စေရန် စာဖတ်ရှိန်မြှင့်တင်ရေးကို ယမန်နေ့နံနက်က ညောင်ပင်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ သွားရောက်၍ နယ် လှည့်စာကြည့်တိုက်အဖြစ် ကွင်းဆင်းဆောင်ရွက်ကာ စာအုပ်စာစောင်များအား (အခမဲ့) ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Dec 07,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် စန္တားခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း၌ သီတင်းသုံးနေသည့် သံဃာတော် အရှင်သူမြတ်များကို ပင်လောင်းမြို့နယ်အတွင်းရှိ ပအိုဝ်းတိုင်းရင်းသားများက ယနေ့နံနက်ပိုင်းတွင် စုပေါင်းကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းသည်။
Dec 07,2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ရာထူးတံဆိပ် တပ်ဆင်ခြင်းအခမ်းအနားကို ယမန် နေ့က အဆိုပါသင်တန်းကျောင်းရှိ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Dec 07,2022
ပြင်ဦးလွင်မြို့ရှိ စာပေချစ်သူများအတွက် စာအုပ်စာစောင်များ ဝယ်ယူဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ပြင်ဦးလွင်မြို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး Y.M.B.A (Young Men’s Buddhist Association) နှင့် ပြင်ဦးလွင်မြို့နယ် စာရေးဆရာ အသင်းတို့၏ ပံ့ပိုးကူညီမှုဖြင့် ရန်ကုန်မြို့နန်းတော်ဝင်စာပေတိုက်တို့ ပူးပေါင်း ကျင်းပသော စာအုပ်ဈေးရောင်းပွဲကို ပြင်ဦးလွင်မြို့ Y.M.B.A ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက စတင်ကျင်းပခဲ့ကြောင်းသိရသည်။
Dec 07,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးနှင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးတို့အတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ငဖဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း)