အမြို့မြို့အနယ်နယ်သတင်းများ

Dec 07,2022
 မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့၊ လေးစုရပ်ရှိ၊ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၊ အမရအောင်မြေခန်းမ၌ ယမန်နေ့နေ့လယ် ၁ နာရီခွဲအချိန်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကျား၊မရေးရာ အခြေပြု အကြမ်းဖက်မှု GBV အသိပညာပေးဆွေးနွေးပွဲကိုကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 07,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် မကျီးပင်ကျေးရွာအုပ်စု၊ အ.ထ.က(ခွဲ)ပေါက်တန်းတွင် ကျောင်းကောင်စီအသင်းလိုက် ဗုဒ္ဓပရိတ်တော်ရွတ်ဖတ်ပူဇော်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Dec 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်​ ရွှေဘိုမြို့အခြေခံပညာ အထက်တန်းကျောင်းများ၌ ၂၀၂၂ ဒီဇင်ဘာ လူထုအားကစားပွဲနှင့် ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၄)ရက်​နေ့တွင် ကျ​ရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ကျောင်းတွင်းအားကစား ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက် ရှိကြောင်းသိရသည်။
Dec 07,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း လယ်မြေများ နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ရေပေးမြောင်းတူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ဝဲကြီးကျေးရွာအုပ်စုအတွင်း ဝဲကြီးကျေးရွာနှင့် အိုးဘိုကုန်းကျေးရွာသွားလမ်းဘေးဧရိယာတွင် စက်ယန္တရားများဖြင့် လက်သွယ်မြောင်းတူးဖော်ဆောင်ရွက်နေမှုအား ယမန်နေ့က မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းကြီးကြပ်မှုကော်မတီဝင်များက သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
Dec 07,2022
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေး ပြည့်မီစေရေးအတွက် ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်က ယမုံနာ(၁)ရပ်ကွက်နှင့် ယမုံနာ(၂)ရပ်ကွက်အတွင်းရှိ လုပ်ငန်းဆောင်ရွက်နေရာများသို့ သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Dec 07,2022
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  လူငယ်များဗလငါး တန်ဖွံ့ဖြိုးရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးတတ် သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်ခန့်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 07,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာစံပြမြို့သစ် အလယ်တန်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးကို ကလေးများကိုယ်တိုင်နားလည်သိရှိပြီး ကျရောက်နိုင်သည့် အန္တရာယ်များအား မိမိကိုယ်မိမိကာကွယ်နိုင်ရန် ကလေးသူငယ်အခွင့်အရေးများကို သိရှိလိုက်နာပြီး ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်၊ ကိုယ်ကာယကျန်းမာရွှင်လန်းစွာ ပညာသင်ယူနိုင်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။