ကျောက်တန်း ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီမှ ကျင်းပသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မှော်ဝန်းရတနာခန်းမနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အခြေခံပညာဦးစီးဌာနမ ှမြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သန်းဦး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ရန်ကုန်တောင်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်အေးအိအိအောင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်းရှင်းလင်းပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (UNVRC)ကို ၁၉၉၁ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာကြောင်း ၁၉၉၃ ခုနှစ်မှာ ကလေးသူငယ်ဥပဒေနှင့် ၂၀၀၁ခုနှစ်ကလေးသူငယ်များ၊ နည်းဥပဒေများကို ပြဌာန်းပြီး ကလေးသူငယ်များ၏ အခွင့်အရေး(၄)ရပ်ဖြစ်တဲ့၊ အသက်ရှင်သန်ခွင့် (Survival)၊ ဖွံ့ဖြိုးတိုးတက်ခွင့် (Development)၊ အကာအကွယ်ရရှိခွင့် (Protection)နှင့် ပါဝင်ဆောင်ရွက်ခွင့် (Participation)စသည်တို့ကို အပြည့်အဝရရှိစေရန် ကာကွယ်စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ မိမိမြို့နယ်အတွင်းမှာရှိသော ကလေးသူငယ်များအား (CRC)ပါ အခွင့်အရေး(၄)ရပ်ရရှိရန်နှင့် ကလေးများအား အကြမ်းဖက်ခြင်း၊
လွဲမှားစွာပြုကျင့်ခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်ပုံဖြတ်ခြင်းဆိုတဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသော လုပ်ရပ်များကို ကာကွယ်တားဆီးစောင့်ရှောက်ပေးရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံမှာကလေး သူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို အဆင့်ဆင့်ပြင်ဆင်ပြဌာန်းခဲ့ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူက ပြန်လည်းဖြေကြားခဲ့ကြကြောင်း သိရသည်။ အဆိုပါ အသိပညာပေးဟောပြေပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၄၀၀)ဦး တက်ရောက်ကြကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်