နောင်တရား ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် စန္တားခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း၌ သီတင်းသုံးနေသည့် သံဃာတော် အရှင်သူမြတ်များကို ပင်လောင်းမြို့နယ်အတွင်းရှိ ပအိုဝ်းတိုင်းရင်းသားများက ယနေ့နံနက်ပိုင်းတွင် စုပေါင်းကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းသည်။
ပင်လောင်းမြို့နယ်အတွင်းရှိ ပအိုဝ်းတိုင်းရင်းသားများက ပဒေသာပင်ကြီးများဖြင့် လှည့်လည်ခဲ့ပြီး မွန်းလွှဲပိုင်းတွင် သံဃာတော်အရှင်သူမြတ်များက ဟောကြားတော်မူသည့် ဗုဒ္ဓတရားတော်ကို အတူတကွ နာယူပြီး အလှူရှင်များက ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းသည်။ စန္တားခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်းအတွင်း သီတင်းသုံးတော်မူသော သံဃာတော် အရှင်သူမြတ်များနှင့် ပင့်သံဃာ (၁၁၃)ပါးကို ပင်လောင်းမြို့နယ်အတွင်းရှိ ပအိုဝ်းတိုင်းရင်းသားများက ကထိန်သင်္ကန်း (၁၂၆)ပင်၊ ပဒေသာပင် (၂၀)ပင် ဆပ်ကပ်လှူဒါန်းပြီး ကြွရောက်လာကြည့်သည် ဧည့်ပါရိတ်သတ်များ နေ့လည်စာဖြင့် ဧည့်ခံကျွေးမွှေးသည်။ ညပိုင်းတွင် စိန်နပန်မီးပုံးပျံနှင့် ညမီးကြည်မီးပုံးပျံ လွှတ်တင်ပူ ဇော်သွားမည်ဟု သိရသည်။
ခွန်အောင်(နောင်တရား)