သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်း၊ မြန်မာစာ စာလုံးပေါင်းသတ်ပုံအမှန်ရွေးခြယ်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

သုံးခွ ဒီဇင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်  စာဖတ်ဝိုင်း၊ မြန်မာစာ စာလုံးပေါင်းသတ်ပုံအမှန်ရွေးခြယ်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ညနေ ၃ နာရီ အချိန်ကကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်တင်တင်ထွေးက ဦးဆောင်ဆွေးနွေးသူအဖြစ် စာရေးဆရာကောင်းမြတ်ရေးသားသည့်"ပွင့်သောပန်းတိုင်းမွှေးစေလို" စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးပြောကြားပြီးနောက် မောင်မင်းသက်ပိုင်က  “စည်းကမ်းမလိုက်နာတတ်တဲ့ကလေး”၊ မောင်လင်းထက်ပိုင်မှလည်း “လေ့လာသင်ယူမှု အားနဲတဲ့ကလေး” ခေါင်းစဉ်ဖြင့် စာအုပ်ပါအကြောင်း အရာများကို ဆွေးနွေးခဲ့ကြသည်။

စာဖတ်ဝိုင်းပြုလုပ်ပြီးသည့်နောက်တွင် ကျောင်းသား/သူများနှင့် စာဖတ်ပရိတ်သတ်များအား မြန်မာစာ စာလုံးပေါင်းသတ်ပုံများမှန်ကန်စေရေး၊ ကျောင်းစာကျက်မှတ်ရာတွင် အထောက်အကူပြုစေရေးအတွက် မြန်မာစာ စာလုံးပေါင်းသတ်ပုံအမှန် ရွေးခြယ်ပြိုင်ပွဲကျင်းပပြုလုပ်ပေးခြင်းနှင့် အတူဉာဏစွမ်းရည်များဖွံ့ဖြိုးလာစေရေးအတွက် သဘာ၀ဘေးအန္တရာယ်ကျရောက်ပါကကြိုတင်ကာကွယ်၊ ဘေးအန္တရာယ်၊ ကစားရင်းနဲ့သင်ယူမယ် Riskland Game ပြိုင်ပွဲပြုလုပ်ခဲ့ပေးပြီး မြို့နယ်ရုံးမှပြသထားသော နံရံကပ်စာစောင်များကို စိတ်ပါ၀င်စားစွာကြည့်ရှု လေ့လာခဲ့ကြောင်းသိရသည်။

စည်သူလင်း ပြန်/ဆက်